Monday, October 7, 2013

*** ပန်းနုရောင်နှုတ်ခမ်းသားလေး ကျမ္မာလှပစေဖို့  ***





ပန်းနုရောင်နှင်းဆီဖူးလေးလို နှုတ်ခမ်းသားလှလှပိုင်ဆိုင်ချင်တာ အမျိုးသမီးတွေရဲ့ အိပ်မက်ပါ။ ဒါကြောင့်လည်း လှသထက်လှ အောင် အရောင်စုံ၊ တံဆိပ်စုံ နှုတ်ခမ်းဆိုးဆေးတွေကိုသုံးနေုကြ

ရပါတယ်။ တစ်နေကုနု မိတ်ကပ်လိမ်းချယ်ပြီးနောက်၊ ညဘက် မှာ မျက်နှာအသားအရေထိန်းလိုးရှင်း၊ ကရင်မ်လိမ်းကြပေမယ့် နှုတ်ခမ်းသားလေး ကျမ္မာဖို့ ထိန်းသိမ်းနည်းကိုတော့ အလှပမြတ် နိုးသူ ပျိုပျိုမေအားလုံးနီးပါး မေ့လျော့နေကြပါတယ်။ နှုတ်ခမ်းဆိုးဆေး တာရှည်ခံအောင် ခဲသတ္တုတွေထဲ့သုံးဖော်စပ်ထား လေ့ရှိ တာကြောင့်၊ နေ့စဉ်ရက်ဆက် နှုတ်ခမ်းဆိုးပြီးကြာလာတဲ့အခါ နှုတ်ခမ်းသားအပေါ်ယံအရေခွံတွေ ပက်ကျားအက်၊ အဖတ်လန် ပြီး၊ တချို့ မိန်းကလေးတွေမှာ နှုတ်ခမ်းသားအရောင်ဖျော့တော့သွားတာတွေ၊ တချို့ မှာတော့ နှုတ်သားအရောင် မစိုပြည်တော့ဘဲ ညိုမှောင်လာတာတွေ ဖြစ်လာပါတယ်။

အမေရိကန်မှ ဆေးဝါးကျွမ်းကျင်သူ ဇီဝအနုစိပ်ပညာရှင် Dr. Elizabeth Ayoub ဆိုသူက ကမ္ဘာကျော်နံမည်ကြီးတံဆိပ် နှုတ်ခမ်း ဆိုးဆေး(၉)မျိုးကို ဓာတ်ခွဲစမ်းသပ်ကြည့်ရာ ခဲသတ္တုအမြောက်အများပါဝင်နေတာတွေ့ ခဲ့ရတယ်လို့ ဆိုပါတယ်။ နှုတ်ခမ်းဆိုး ဆေးစွဲမြဲစေပြီး နှုတ်ခမ်းသားပေါ်မှာတာရှည်ခံအောင်ခဲဓာတ်ကိုသုံးလေ့ရှိကြရာ၊ အဲဒီခဲဓာတ်များက နှုတ်ခမ်းကင်ဆာရောဂါ ဖြစ်စေတဲ့ cinogen(ခေါ်)ဓာတုဗေဒပစ္စည်း ဖြစ်နေပါတယ်တဲ့။ ခဲဓာတ်ပါဝင်မှုများလေ၊ နှုတ်ခမ်းကင်ဆာဖြစ် နိုင်ချေအလားအလာ ပိုများလေပါ။ အထူးသဖြင့် အနီရောင်ရဲရဲ နှုတ်ခမ်းဆိုးဆေးမှာ ခဲသတ္တုပါဝင်မှုအများဆုံးပါဘဲတဲ့။

"၀ယ်ခါနီး လက်ခုံပေါ်နှုတ်ခမ်းဆိုးဆေးတို့ ကြည့်ပါ။ အကယ်၍ နှုတ်ခမ်းဆိုးဆေးအရောင်က မူလအရောင်မှ အမဲရောင်သို့  ပြောင်းသွားရင်၊ အဲဒီအထဲမှာ ခဲဓာတ်တွေပါနေလို့  မ၀ယ်ပါနဲ့  " လို့  Dr. Elizabeth Ayoub က အကြံပြုထားပါတယ်။

ကျမ္မာလှပတဲ့နှုတ်ခမ်းသားလေးဖြစ်စေဖို့ အောက်ပါ သဘာဝနည်းလမ်း (၃) သွယ်ကို မျှဝေလိုက်တယ်နော်။

(၁) ညအိပ်ခါနီး ပျားရည်ဖြင့်နှုတ်ခမ်းသားထဲစိမ့်ဝင်အောင် ခပ်ဖွဖွပွတ်လူးပေးပါ(နှုတ်ခမ်းကိုရေမဆေးဘဲ၊ ဒီအတိုင်းအိပ်ပါ) အိပ် ယာထတဲ့အခါ မှာ သင့်နှုတ်ခမ်း၂-လွှာ ခြောက်သွေ့ ခြင်းလုံးဝမရှိတော့ဘဲ၊ နူးညံ့စိုပြေသွားပါလိမ့်မယ်။

(၂) သံပုရာသီးကို ထက်ခြမ်းခြမ်း၊ ခပ်ပါးပါးလှီးပြီးတော့ နှုတ်ခမ်းပေါ် စက်ဝိုင်းသဏ္ဍာန် ပွတ်တိုက်ပေးပါ။ သင့်နှုတ်ခမ်း ၂-လွှာမှာ တနေကုန်ဆိုးထားတဲ့ ခဲဓာတ်တွေပြောင်စင်သွားပြီး၊ နှုတ်ခမ်းသားလေး တင်းရင်းလာစေပါလိမ့်မယ်။

(၃) အလှဆီရည် နဲ့ သံပုရာရည်ကို ဆတူရောပြီး၊ နှုတ်ခမ်းကို လိမ်းပေးပါ။ ခဲဆိပ်ကြောင့် ညိုမှောင်သွားတဲ့ နှုတ်ခမ်းသား ၂-လွှာ ပြန်လည်အရောင်စိုပြေသွားပါလိမ့်မယ်။

(ပေါက်ပေါက်…မျှဝေသည်)
(မှီငြမ်း။ Beauty Mantra on 15th August 2013)
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...