Monday, October 7, 2013

ခေတ်စား လာသော နည်းပညာ Linux Server လေ့လာ သင်ယူ ခြင်းနှင့် အလုပ် အကိုင် အခွင့် အလမ်း




ICT နယ်ပယ် မှာ နည်းပညာ ပိုင်း ကို လေ့လာ ကြသူ လူငယ် များ အတွက် ရွေးချယ် လျှောက် လှမ်း စရာ လမ်းကြောင်း တွေ များစွာ ရှိနေ ပါတယ်။ ထိုကဲ့ သို့ ရွေးချယ် လျှောက်လှမ်း စရာ လမ်းေ ကြာင်း များစွာ ရှိသည့် အနက် Network Engineer ဖြစ်ချင် သူများ အတွက် အဓိက လေ့ လာ စရာ အပိုင်း နှစ်ပိုင်း ရှိနေခဲ့ ပါတယ်။ Inter Networking အပိုင်း နဲ့ Server Administration ပိုင်း ဆိုပြီး မိမိ တို့ အားသန်ရာ ကို အားပြု လေ့လာ နိုင်မှာ ဖြစ်ပါတယ်။

ဒီအပိုင်း နှစ်ပိုင်း ဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ် လျက် ရှိနေတဲ့ အတွက် Network Engineer ဖြစ် ချင် သူ လူငယ်များ အနေနဲ့ Inter Networking ပိုင်း ဖြစ်တဲ့ Server Administration Switch, Network Security, Network Design, Wireless Networking စတာတွေ အပြင် Server Administration ပိုင်းများ ကို လည်း နှံ့နှံ့ စပ်စပ် သိရှိ လေ့လာ ထားဖို့ အရေးကြီး လှ ပါတယ်။

Computer Network တစ်ခု မှာ Server များ ကို ချိတ်ဆက် သုံးစွဲ ရာမှာ ၎င်း Network အတွင်းရှိ User များကို Service များပေးတဲ့ Infrasturcture Server များ ရှိသလို Directory Server, VOIP Server, VPN Server စသည် ဖြင့် ရရှိ နိုင်ပါတယ်။ အဆိုပါ Networking Service များကို ထ မ်းဆောင် နိုင်တဲ့ Server OS ထုတ်ကုန် များ လည်း များစွာ ရှိနေခဲ့ ပါတယ်။ Microsoft က ထုတ် လုပ် တဲ့ Windows Server များမှာ လည်း Networking Service များ အတွက် ပြည့်စုံ ကော င်း မွန် တဲ့ Server OS များ ဖြစ် သလို Open Source Linux Kernal ပေါ်မှာ အခြေခံ ထားတဲ့ Linux Server များ ဟာ လည်း အသုံးပြုမှု မြင့်မား လျက် ရှိနေခဲ့ ပါတယ်။ Linux Kernel ကို အခြေခံ ထားတဲ့ Server များ မှာ Open Source Server များဖြစ် တဲ့ အတွက် Administrator များ အနေ နဲ့ Server OS ရဲ့ Shell နဲ့ Kernel Level များ အထိ မိမိ လိုအပ် သလို ပြင်ဆင် ဖြည့်စွက် နိုင်ခြင်း၊ မိမိ ကုမ္ပဏီ အတွက် လိုအပ် သည့် Networking Service များ ကိုသာ ရွေးချယ် အသုံးပြု စေ နိုင်ခြင်း၊ ကုန်ကျ စရိတ် သက်သာ စေခြင်း စတဲ့ ကောင်းကျိုး များ လည်း ရရှိစေ နိုင် ပါတယ်။

အခုလို အားသာ ချက် ကောင်းများ ရှိနေတဲ့ အတွက် Linux Kernal ကို အခြေခံ ထားတဲ့ Linux Server များကို စီးပွားရေး လုပ်ငန်းများ၊ SME များမှလည်း ISP Level လုပ်ငန်းများ အထိ တပ်ဆင် သုံးစွဲလျက် ရှိနေ ကြပါ တယ်။ နိုင်ငံ တကာမှာ ခေတ်စား သုံးလျက် ရှိကြတဲ့ Linux Server ကို ယခုအခါ မှာ တော့ ပြည်တွင်း မှာပါ တွင်တွင် ကျယ်ကျယ် အသုံးပြု လာကြ တာ ကို တွေ့ရှိ ရပါ တယ်။ Open Source Linux Kernel ကို အခြေခံ ထားတဲ့ Server OS ပေါင်း များစွာ ရှိတဲ့အနက် Red Hat, Cent OS, Debin, Ubuntu, Fedora, SUSE စတဲ့ Server များကို အသုံးများ လျက် ရှိလာသလို စီးပွားရေး လုပ်ငန်း စု တော်တော် များများ နဲ့ အစိုးရ ရုံး ဌာန များ၊ ဘဏ်များ အစရှိ တဲ့ လုပ်ငန်း နေရာ အသီးသီး မှာ လည်း ၎င်း Server များကို အခြေခံ ရန် DHCP, DNS, Web Server, File Server စတဲ့ Network အခြေခံ Service များ အပြင် User Identity များ ကို စစ်ဆေး ပေးတဲ့ Directory Server, Database Server, VOIP Server, Firewall Proxy Server စသည် ဖြင့် ပုံစံ မျိုးစုံ ဖြင့် မိမိ တို့ စိတ်ကြိုက် သုံးစွဲ လျက် ရှိနေ ကြ ပါတယ်။

ဥပမာ အားဖြင့် ပြော ရရင် ကမ္ဘာ ပေါ်မှာ ရှိတဲ့ Website သန်းပေါင်း များစွာ ရှိတဲ့ အနက် ၆၅ ရာခိုင်နှုန်း ဟာ Open Source ကို အခြေခံ ထားတဲ့ Apache Web Server များ ပေါ်မှာ လွှင့်တင် ထားကြ တာ ဖြစ်ပါ တယ်။ ဒါ့ကြောင့် လည်း ယနေ့ ပြည်တွင်း ပြည်ပ ကုမ္ပဏီ ကြီးများ အနေဖြင့် Linux Server ပိုင်း ကျွမ်းကျင် သူ Administrator များ ကို အထူး လိုအပ်ချက် အ နေနဲ့ အလေး ပေး ခေါ်ယူမှု များ ပြုလုပ် လျက် ရှိနေခဲ့ ကြပါတယ်။ ယနေ့ ခေတ်မှာ တော့ Linux Server ပိုင်း တတ်မြောက် ကျွမ်းကျင် ထားတဲ့ Network Engineer ရာထူး အတွက် Linux Server ရရှိသူ ဆိုတဲ့ အချက် အလက် ကိုပါ တရားဝင် တောင်းဆို လာတာမျိုး လည်း တွေ့ရ ပါတယ်။

ပညာရပ် တစ်ခု ဟာ ဘယ် ပညာရပ် မဆို သူ့နေရာ နဲ့သူ အသုံး တည့် ပါတယ်။ မိမိ ရွေးချယ်ေ လျှာက်လှမ်း ထားတဲ့ အသက်မွေး ဝမ်းကျောင်း မှု ပညာရပ် နဲ့ ပိုမို ကိုက်ညီ တဲ့ ပညာရပ် မျိုး ကို ထပ်မံ လေ့လာ ကြမယ် ဆိုရင် တော့ မိမိ တာဝန်ယူ မှု အပိုင်းတွေ အတွက် မိမိ အရည် အချင်း အတွက် မိမိ ကိုယ်ကို ယုံကြည်ချက် ရှိရှိနဲ့ ရဲရဲဝံ့ဝံ့ လုပ်ဆောင် သွားနိုင် ကြမှာ ပဲ ဖြစ်ပါတယ်။ ယခု လည်း တိုးတက် ပြောင်းလဲ လာတဲ့ နည်း ပညာ ခေတ် ရေစီး ကြောင်း အရ Network Engineer ကောင်း တစ်ယောက် ဖြစ် လိုသူ လူငယ် များ အနေဖြင့် လည်း မိမိ တို့ ကျွမ်းကျင် ထားတဲ့ Internetworking Skills များ အပြင် Linux Server ပိုင်း ဆိုင်ရာ နည်း ပညာ ရပ် များစွာ ကိုလည်း တတ်မြောက် ကျွမ်းကျင် အောင် ပြုလုပ် ထားဖို့ လိုအပ် နေပြီ ဖြစ် ပါတယ်။ ဒါ့ကြောင့် Network Professional တစ်ဦး အနေ နဲ့ ဘက်စုံ ထောင့်စုံ ကနေ မိမိ အရည် အချင်းကို ပြည့်ဝ သည် ထက် ပိုမို ပြည့်စုံ အောင် ဖြည့်ဆည်း လေ့လာ ထားချင် တယ် ဆိုရင် တော့ Linux Certification ပိုင်းကို တိတိ ကျကျ သိရှိမှ သာလျှင် မိမိတို့ ဆက် လျှောက်လှမ်း လိုကြ တဲ့ Linux Server ရဲ့ တာ သွားမှု ကိုလည်း သိရှိ နိုင်ကြမှာ ဖြစ် ပါတယ်။

Linux Certification ပိုင်း ကို လေ့လာ ကြည့်မယ် ဆိုရင် Red Hat ကြောင်း ကို လျှောက် လှမ်း နိုင် ဖို့ အတွက် RHCSA အဆင့် ကို ပထမ ဆုံး စတင် လျှောက်လှမ်း ရင် Certificate ရယူ နိုင်ပါ တယ်။ အဲဒီ မှ တစ်ဆင့် RHCE ( Red Hat Certified Engineer, RHCA ( Architect ) စသည် ဖြင့် အဆင့်ဆင့် ပြောဆို နိုင်မှာ ဖြစ်ပါ တယ်။ ဒါ့ အပြင် Specialist အနေ နဲ့ မိမိ အားသန် ရာ အပိုင်း အလိုက် ထပ်မံ လေ့လာ ပြီးတော့ လည်း Certified များ ထပ်မံ ရယူ နိုင်ကြ ပါတယ်။ RHCSS ( Red Hat Certified Security Specialist ), RHCVA ( Red hat Certified Virtulalization Administrator, RHCDS ( Red Hat Certified Data Cneter Specialist ) စသည့် လမ်းကြောင်း များ ကိုလည်း ထပ်ဆင့် ဖြေဆို နိုင်ကြမှာ ဖြစ် ပါတယ်။

SUSE Linux ပိုင်း ကို လေ့လာ ချင်တယ် ဆိုရင် SUSE Certified Linux Administrator စာမေး ပွဲ ကို ဖြေဆို ကြရမှာ ဖြစ်ပါတယ်။ အဲဒီ အပြင် Linux Professional Institute အပိုင်းမှာ ဆိုရင် လည်း LPIC-1 ( Junior Level, LPIC ( Junior Level ), LPIC-3 ( Level ) များ အဖြစ် Level အလိုက် ဆက်လက် လေ့လာ နိုင်ကြမှာ ဖြစ်တယ်။

ဒီအပိုင်း မှာ တော့ Linux နဲ့ ပတ်သက် တဲ့ OS တွေ အားလုံး ကို ခြုံငုံ လေ့ လာ ပြီးမှ ဖြေဆို ကြရ တာ ဖြစ်ပါ တယ်။ ဒါ့ အပြင် Comp TIA Organization နဲ့ Linux Professional Insitute ( LPI ) တို့က ပေးအပ် ချီးမြှင့်တဲ့ Comp TIA Linux + Certificate ကို လည်း လေ့လာ ဖြေဆို နိုင်ကြမှာ ဖြစ် ပါတယ်။

ယနေ့ ခေတ် အချိန် အခါမှာ ပြည်တွင်း ပြည်ပ နှစ်နေရာ စလုံးမှာ Linux Server &JU အခန်း က ဏ္ဍ ဟာ ပိုမို နေရာယူ လာ နေပြီ ဖြစ်ပါ တယ်။ ပြည်ပ မှာ သာမက ပြည်တွင်း မှာ လူသုံးများ လာ တဲ့ Open Source နည်း ပညာ အဖြစ် နေရာ ယူ လျက် ရှိနေခဲ့ ပါတယ်။ Linux Server ရဲ့ အား နည်း ချက်၊ အားသာ ချက် များ ကို လုပ်ငန်းရှင် အားလုံး က လက်ခံ အသုံးပြု နေကြ သကဲ့ သို့ လုပ် ငန်းခွင် ဝင်ရောက် ကြမယ့် Network Engineer များ အနေနှင့် လည်း မိမိ တို့ ရရှိ ထားတဲ့ အတတ် ပညာရှင် များ အပြင် Linux Server အကြောင်း ကိုပါ သိရှိ တတ်မြောက် ထားအောင် ကြိုတင် လေ့လာ ထားကြဖို့ ကို လိုအပ် လှပါတယ်။

သာမန် Network Engineer သမား တစ်ဦး ရဲ့ ရာထူး လစာ ထက် Linux Server ပိုင်း ရရှိ ထားတဲ့ Technician တစ်ဦး ရဲ့ လစာ ရာထူး ဟာ ပိုမို မြင့်မား သာလွန် ပါလိမ့် မယ်။ ဒီ ထက်ပို ၍ မိမိ တို့ ရပ်တည်မှု ဘဝ လမ်းကြောင်း မှာ လည်း Network Professional တစ်ဦး အဖြစ် မိမိ ကိုယ် ကို ယုံကြည်ချက် တို့ ပိုမို ခိုင်မာ လာပါ လိမ့် မယ်။ အမှန် တကယ် တတ်မြောက် ကျွမ်းကျင် တဲ့ Network Professional သမား တစ်ယောက် အတွက် အခွင့် အလမ်း ဆိုတာ လက် တစ်ကမ်း မျှ သာ ဖြစ် ပါတယ်။

ACH Coputer Training Center မှ ပံ့ပိုး ကူညီသည်။

Myanmar Internet Journal

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...