ဒီကနေ့ မြန်မာ့နိုင်ငံရေးလောကမှာ ခေတ်စားလာတာကတော့ သူပုန်တွေရဲ့အခန်းကဏ္ဍပဲဖြစ်ေ နပါတယ်။ သူပုန်ဆိုတာဒီကနေ့မှပေါ်ပေါက်လာတာမဟုတ်ပါဘူး။
ပြောရယင်မြန်မာပြည်မှာ တစ်ပါတီအာဏာရှင် စနစ်မကျင့်သုံး ခင်ကတည်းက
သူပုန်ဆိုတာ ပေါ်ပေါက်ခဲ့တာပါ။ လွတ်လပ်ရေးရပြီး ဦးနုခေတ်မှာ ဆိုရင်
ရောင်စုံသူပုန်..ရန်ကုန်အစိုးရ ဆိုပြီးခေါ်ဝေါ်သမုတ်ခဲ့တာပါ။ လွတ်လပ်ရေးရပြီးစ ကာလ က မြန်မာပြည်မှာ ဗမာလူမျိုးကြီးဝါဒတို့၊ တိုင်းရင်းသားတွေ တန်းတူရည်တူရှိရေးတို့ဆိုတဲ့ စကားလုံးတွေ လဲမပေါ်သေးပါဘူး ။ ဒါပေမယ့်သူပုန်ဆိုတာကတော့ပေါ်နေပါပြီ။
အချို့က ဦးနုကိုအပြစ်ပြော အပုတ်ချချင် လို့ ဦးနုက ဗုဒ္ဓ ဘာသာကို
နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းလိုက်လို့ ကချင်သူပုန်
တွေပေါ်လာတာ ဆိုပြီးပြောဆိုကြ ပါတယ်။
ဒါကလျှောက်ပြောတာပါ။ ဗုဒ္ဓဘာသာ မြန်မာပြည်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာလုပ်တာ ဘယ်သူမှ ထိခိုက်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒီခေတ်မှာ အီရန်သမ္မတဖြစ်တဲ့သူတောင် သူတို့ရဲ့ ဘာသာရေး ခေါင်းဆောင် ကြီးဆီမှာ ကျမ်းသစ္စာကျိန်ဆိုရတာပါပဲ။ သူတို့တွေလက်နက်ကိုင်ချင်တာ နဲ့ ဗုဒ္ဓဘာသာကို အကြောင်းပြ လိုက်တာပါပဲ။ အခုထက်ထိလဲအကြောင်းပြ ကောင်းနေကြဆဲပါပဲ။ လူမျိုးရေးတန်းတူရည်တူရှိမှု ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရမှုကနေအခုတော့  ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်တစ်ခုရေးဆွဲဖို့
အထိလုပ်ဆောင်လာနေ ပါတယ်။ ပြောချင်တာက အစိုးရဘက်က တစ်ခုပေးလိုက် ရင်
သူတို့က နှစ်ခုလိုချင်တယ်။ အစိုးရ ကနှစ်ခု ပေးရင် သူတို့ကလေးခုလိုချင်ပါတယ်။
အခုလဲ နိုင်ငံတော်သမ္မတနဲ့ကာကွယ်ရေးဦးစီးချုပ်တို့ကိုယ်တိုင်က တစ်ဦးအပေါ်တစ်ဦးချစ်ကြည်လေးစားတဲ့ စိတ်ဓာတ်နဲ့သူပုန်ခေါင်းဆော င်အချို့ကိုခေါ်ယူတွေ့ဆုံ၊ ရင်းရင်းနှီးနှီးပြောဆိုကြတာတွေလုပ်ကြပါတယ်။ ဒီလိုမျိုး လုပ်ဆောင်တာတွေအပေါ် သူပုန်တွေဘက်ကဘယ်လိုသုံးသပ် သလဲဆိုရင်သူတို့ဟာအရမ်းကို အရေးပါလာလို့ အစိုးရခေါင်းဆောင်တွေကိုယ်တိုင်က ဒီလိုမျိုးအလျော့ပေးလာတာလို့ မြင်ကြပါတယ်။
အဲလို မျိုးမြင်အောင် ဘေးတီး ပေးတဲ့သူတွေကလဲ ပေးကြလို့သာ
အခုဆိုရင်သူပုန်တွေ စုပေါင်းပြီး ဖွဲ့စည်းပုံပြင် ဆင်ဖို့
အထိလုပ်ဆောင်နေပါပြီ။
ဒါဟာငြိမ်းချမ်းရေးကိုပျက်ေ အာင် တစ်ဖက်လှည့်နဲ့လုပ်နေတဲ့လုပ်ရပ်ဖြစ်ပါတယ်။ လက်ရှိဖွဲ့စည်းပုံထဲမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရြ ပည်နယ်တွေသတ်မှတ်ပေးထားပြီး တိုင်း/ ပြည်နယ် အလိုက် ၀န်ကြီးချုပ်တွေခန့်ထားပေးပြီးဖြစ်ပါတယ်။ အမှန်ကန်ဆုံးစကားပြောရယင် လက်နက်မကိုင်တော့ ဘဲ တိုင်းရင်းသား လူမျိုးတွေ အလိုက်ပြောချင်တာတွေလွှတ်တော်မှာ ပြောလို့ဆိုလို့ရ နေပါပြီ။ကချင်မှာ ဆိုရင်လဲ ဒေါ်ဒွဲဘူ၊ ရှမ်းမှာဆိုရင် ဒေါ်နန်းဝါနု အစရှိသဖြင့်တိုင်းရင်းသားတွေအများကြီးပါ။ ဒီခြားထဲမှာ လူမျိုးစု အလိုက်ဝန်ကြီး တွေလဲ ရှိနေပါတယ်။ ကိုယ်ဒေသကိုယ့်လူမျိုးတွေအု ပ်ချုပ်ခွင့်အတွက် ပထမခြေ လှမ်းဟာ ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါပြီး သားပါ။
အစိုးရဘက်ကအလျော့ပေးတာတွေများလေလေ သူပုန်တွေကနင်းလေလေဆိုတာ ဒီခေတ်ကျမှ ဖြစ်ခဲ့တာ မဟုတ်ပါဘူး။သူတို့ခေတ်တုန်း ကတည်းကရှိခဲ့တာလို့ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးကပြော ဆိုပါတယ်။
ဟိုခေတ်တုန်း ကငြိမ်းချမ်းရေးဆွေးနွေးပွဲ တွေလုပ်တုန်းကလဲဒီလိုပါပဲ။ မ ဖြစ်နိုင်တဲ့တောင်းဆို ချက်တွေ တောင်းဆိုမယ်..။ အစိုးရဘက်က မပေးနိုင်ရင်၊ မလိုက်လျောနိုင်ရင်တော့အစိုးရကငြိမ်းချမ်းရေး ကို လိုလားမှု မရှိဘူးဆိုပြီး သတင်းလွှင့်တော့တာပါပဲ။ အခုလဲ ဖွဲ့စည်းပုံအသစ်ရေးဆွဲတယ်ဆိုတာ မသိမသာ စင်ပြိုင်အစိုးရတစ်ရပ် ထူထော င်လိုက်တာပါပဲလို့ ၀ါရင့်နိုင်ငံရေး သမားကြီး က ထောက်ပြပြောဆိုခဲ့ပါတယ်။
အဆုံးစွန်သော စကားပြောရရင် ဗိုလ်ချုပ်အောင်ဆန်းမသေဘဲနဲ့ 
အုပ်ချုပ်နေလဲသူပုန်ဆိုတာ ရှိနေမှာ ပါပဲတဲ့။ ဘာကြောင့်လဲဆိုတော့
လက်နက်ကိုင်ပြီး ချမ်းသာနေတဲ့သူတွေက လက်နက်ကိုင်တာကို မစွန့်ချင်
တော့တာမို့လို့ပြော ရတာလို့သူကပြောပါတယ်။ မြန်မာပြည် မှာဒေါ်အောင်ဆန်း စုကြည် နိုင်ငံတော်သမ္မတ ဖြစ်လာရင်လဲ သူပုန်ဆိုတာရှိနေမှာ ပါပဲတဲ့။အလောင်းအစားလုပ်ရဲတဲ့သူရှိ ရင်တောင်
လောင်းလိုက်ချင် ပါတယ်တဲ့။ တကယ်တော့ လက်နက်ကိုင်သူပုန်အဖွဲ့ တွေဟာ
သူတို့ လူမျိုးတွေကို ကိုယ်စားပြုတဲ့အဖွဲ့ မဟုတ်ပါဘူး။
လူမျိုးတစ်မျိုးထဲမှာကို သူပုန်အဖွဲ့က တစ်ဖွဲ့မက ရှိနေတာပါ။ ဒါကြောင့်
သူပုန်ဆိုတာ သူပုန်ပါပဲလို့ ၀ါရင့်နိုင်ငံရေးသမားကြီးတစ်ဦးရဲ့ သုံးသပ်ချက်ကို တင်ပြလိုက် ပါတယ်။
ဒါကလျှောက်ပြောတာပါ။ ဗုဒ္ဓဘာသာ မြန်မာပြည်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာလုပ်တာ ဘယ်သူမှ ထိခိုက်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒီခေတ်မှာ အီရန်သမ္မတဖြစ်တဲ့သူတောင် သူတို့ရဲ့ ဘာသာရေး ခေါင်းဆောင် ကြီးဆီမှာ ကျမ်းသစ္စာကျိန်ဆိုရတာပါပဲ။ သူတို့တွေလက်နက်ကိုင်ချင်တာ
အခုလဲ နိုင်ငံတော်သမ္မတနဲ့ကာကွယ်ရေ
ဒါဟာငြိမ်းချမ်းရေးကိုပျက်ေ
အစိုးရဘက်ကအလျော့ပေးတာတွေမျ
ဟိုခေတ်တုန်း ကငြိမ်းချမ်းရေးဆွေးနွေးပွဲ
အဆုံးစွန်သော စကားပြောရရင် ဗိုလ်ချုပ်အောင်ဆန်းမသေဘဲနဲ
that's right!
ReplyDelete