Friday, August 23, 2013

ရန်ကုန်မှာဆွေးနွေးပွဲပြုလုပ်ပြီးခဲ့တဲ့ ABSDF(မြောက်ပိုင်း)အဖွဲ့အကြောင်း တစေ့တစောင်း...


August 23, 2013 at 11:05am

-     မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(မြောက်ပိုင်း)အဖွဲ့ဟာ ၁၉၈၈ ခုနှစ်ကာလများတွင် အရေးအခင်းများမှာ ပါဝင်ခဲ့ကြပြီး စက်တင်ဘာ ၁၈ ရက်နေ့မှစ၍ တပ်မတော်အစိုးရမှနိုင်ငံတော်၏တာဝန်အရပ်ရပ်ကို ထိန်းသိမ်းတာဝန် ယူခဲ့ရာ ကျောင်းသားလူငယ်အချို့သည် ဖမ်းဆီးထိန်းသိမ်းခံရမည်ကို စိုးရိမ်တာ ကြောင့် နယ်စပ်ဒေသများသို့တိမ်းရှောင်ထွက်ပြေးခဲ့ကြပါတယ်။ ထိုင်းနယ်စပ်ပြေးတဲ့ သူက KNU နဲ့ပေါင်း၊ တရုတ်နယ်စပ်ပြေးတဲသူက KIA နဲ့ပေါင်းပြီး တပ်မတော်ကို တော်လှန်တိုက်ခိုက်ခဲ့တာပါ။
-     ABSDF(မြောက်ပိုင်း)အဖွဲ့အနေနဲ့ကတော့ KIA ၏လက်အောက်ခံနယ်မြေများတွင် ဆက်လက်နေထိုင်ခဲ့ပြီး တပ်သားသစ်သင် တန်းများကိုလည်း အမှတ်စဉ်(၁)မှ (၉) အထိဖွင့်လှစ်နိုင်ခဲ့ကြပါတယ်။ ထိုအရေးအခင်းကာလများမှ ၁၉၉၀ ခုနှစ်နောက်ပိုင်း ကာလများအထိ အင်အား ၇၀၀ ကျော်ခန့်အထိ လူအင်အားတွေစုဆောင်းနိုင်ခဲ့ကြ တယ်။ဒီလိုမျိုးဖွဲ့စည်းပြီးနောက်ပိုင်းမှာတော့ အဖွဲ့အစည်းအတွင်း ခေါင်းဆောင်နေရာ  အာဏာလွုဲတွေနဲ့ ဆူပူပုန်ကန်မှုတွေကြောင့်လည်း ၁၉၉၇ ခုနှစ်မှာတော့ KIA ဌာနချုပ်(လိုင်စင်)မှာတစ်ဖွဲ့၊SSA(S)ရွက်ဆစ်ခေါင်းဆောင်သည့်အဖွဲ့ထံသို့ သံချောင်း ဦးစီးတဲ့ အင်အား ၈၀ ဦးခန့်ဟာ သွားရောက်ပြီး ပူးပေါင်းနေထိုင်ခဲ့ကြပါတယ်။
-     ဒီလိုမျိုး ၂ ဖွဲ့ကွဲသွားပြီးတဲ့နောက်ပိုင်း ABSDF(မြောက်ပိုင်း)နဲ့ SSA အဖွဲ့တို့ ပူးပေါင်း ခဲ့ကြတဲ့ သံချောင်း ဦးစီးတဲ့အဖွဲ့အတွင်း မှာလည်း တပ်ဖွဲ့ဝင်အချင်းချင်းကို စစ်ထောက်လှမ်းရေးဆိုပြီး အတင်းစွပ်စွဲပြောဆိုကာ ညှင်းပန်းနှိပ်စက်၊ ကျောင်းသား လူငယ် ၃၂ ဦးရဲ့ အသက်တွေကိုလည်း သတ်ဖြတ်ခဲ့ပြီးတော့ ကျန်တဲ့ကျောင်းသား ၅၅ ဦးကိုလည်း ပါချောင်စခန်းအကျဉ်းထောင် မှာချုပ်နှောင်ထားခဲ့ရာမှ ထောင်ဖောက် ထွက်ပြေးလို့ လွတ်မြောက်သွားခဲ့ရကြောင်း အဖွဲ့ဝင်ဟောင်းများထံမှလည်း သိရှိရပါ တယ်။ အခုလိုပါချောင်လူသတ်ပွဲကြီးကိုရည်ညွှန်းတဲ့ “ ဟသာင်္ ၉ သောင်းပုံပြင် ” စာအုပ်တောင်ထွက်ပေါ်နေပြီလေ။   
-     အခုဆိုရင် မြန်မာနိုင်ငံ ဒီမိုကရေစီပြောင်းလဲခြင်း၊ နိုင်ငံရေးအလှည့်အပြောင်းကာလ မှာလည်း နိုင်ငံတော်အစိုးရမှ မြန်မာနိုင် ငံရှိလက်နက်စွဲကိုင်တော်လှန်နေခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို စိတ်ရှည်သည်းခံပြီး မိဘမှသား သမီးများသို့အလား ခွင့်လွတ်ခဲ့ကြပြီး " ထာဝရငြိမ်းချမ်းရေး " ဆိုတဲ့လမ်းကြောင်းပေါ် ရောက်အောင် အကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့ပြီး ABSDF(မြောက်ပိုင်း)အဖွဲ့နဲ့ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၊  ရွှေလီလမ်း၊   အမှတ်(၁၀)ရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေး၊  ပြန်လည်


ထူထောင်ရေးဗဟိုဌာန(Myanmar Peace Centre)တွင် ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့၊ မနက် ၉ နာရီ တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပြုလုပ်နိုင်ခဲ့ကြပါတယ်။
-     ဒါကြောင့်လည်း ABSDF(မြောက်ပိုင်း)အဖွဲ့မှ  အဖွဲ့ဝင်တွေအနေနဲ့ ကချင်ပြည်တွင်းရှိ ၎င်းတို့ရဲ့ဇာတိတွေကိုလည်း လွတ်လပ်စွာနေထိုင်သွားလာလျက်ရှိကြပါ တယ်။ ဒီလိုမျိုး နိုင်ငံတော်အစိုးရအနေနဲ့ စိတ်ရှည်သည်းခံပြီး စိတ်ရင်းစေတ နာတွေ ပေးနေ ပေမယ့်လည်း ၎င်းတို့အနေနဲ့ နိုင်ငံတော်အစိုးရရဲ့ ကျေးဇူးသစ္စာကို မစောင့်သိဘဲ၊ တပ်မတော်ရဲ့စိတ်ရင်းစေ တနာကို အသိအမှတ်မပြုကြဘဲ၊ ကချင် ပြည်နယ်အတွင်း ရှိ မိုးညှင်းမြို့၊ မိုးကောင်းမြို့တွေမှာ အစိုးရကိုဆန့်ကျင်ပုတ်ခတ်တဲ့ စကားတွေကို ပြောဆိုနေကြတာကလည်း အင်မတနှ်ကို အံ့သြဖို့ကောင်းပါတယ်။
-     ၎င်းတို့အဖွဲ့အနေနဲ့လည်း “ မြန်မာပြည်မြောက်ပိုင်းတွင် ၁၉၉၁ ခုနှစ်ကာလတုန်းက အဖွဲ့အစည်းအချင်းချင်း ညှင်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခဲ့၊ အသက်ပေါင်းများစွာနဲ့ နိုင်ထက်စီးနင်း ညှင်းပန်းနှိပ်စက်ခံခဲ့တာတွေဟာ သူတို့ရဲ့ဘ၀ တစ်လျှောက်လုံး အရိပ်မဲတစ်ခုလို လိုက်နေမှာပါ။ ဒီအတွက်လဲ ABSDF က အမိန့်ပေးသူနဲ့ အဖွဲ့ဝင် တွေဟာ တစ်နေ့နေ့တစ်ချိန်ချိန်မှာ တရားဥပဒေရဲ့အဆုံးအမတွေခံယူပြီး အပြစ်ကျွေး ကို ချွေးနဲ့ပေးဆပ်ရအုံးမှာပါ” လို့အသတ်ခံ ABSDF အဖွဲ့ဝင်တစ်ဦး၏အကိုဖြစ်သူ မှပြောပြလာပါတယ်။

Kachin Land

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...