(23.8.2013,Friday)
တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်းရမှတ် ၄၈၀ နှင့်အထက် ရရှိသူများ
သာရန်ကုန်နှင့် မန္တလေးမြို့များရှိ အဆင့်မြင့်ကွန်ပျူတာတက္ကသိုလ်တို့တွင်
ဝင်ခွင့်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်ခွင့်
လမ်းညွှန်တွင် ဖော်ပြထားကြောင်းသိရသည်။ ယခင်ပညာသင်နှစ်က
အနိမ့်ဆုံးတက္ကသိုလ်ဝင် စာမေးပွဲရမှတ် ၄၅၀နှင့်အထက်ရရှိသူများ
ကိုလျှောက်ထားခွင့်ပြုခဲ့ရာ ယခုပညာသင်နှစ်တွင်ထပ်မံတိုးမြှင့် သတ်မှတ်
လိုက်ခြင်းဖြစ်သည်။ ယခင်ပညာသင်နှစ်က အဆင့်မြင့် တက္ကသိုလ်အဖြစ်
သတ်မှတ်ထားသော ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (ဗဟန်းနယ်မြေ)
တွင်တက္ကသိုလ်ဝင် စာမေးပွဲရမှတ် ၄၇၃ မှတ်နှင့်အထက် ရရှိခဲ့သူများ၊
မန္တလေးကွန်ပျူတာတက္ကသိုလ်တွင်၄၅၀ နှင့်အထက် ရရှိခဲ့သူများဝင်ခွင့်
ရရှိခဲ့ခြင်းဖြစ်သည်။အဆင့်မြင့် ကွန်ပျူတာတက္ကသိုလ်များတွင် ပညာ
သင်ယူရန်ကျောင်းသား၊ ကျောင်းသူ ၄၀၀ ဦးကိုလက်ခံသွားမည်ဖြစ်ပြီး
သင်တန်းကာလငါးနှစ်ဖြစ်ကာဘာသာရပ် ခုနှစ်မျိုးအတွက် ကွန်ပျူတာ
ဆိုင်ရာဘွဲ့ပေးအပ်နေကြောင်းသိရသည်။ ပုံမှန်ဖွင့်လှစ်နေသော ကွန်ပျူတာ
တက္ကသိုလ်များတွင် ဝင်ခွင့်လျှောက်ထားမည့် ကျောင်းသားများအနေနှင့်
တက္ကသိုလ်ဝင်စာမေးပွဲရမှတ် ၃၅၆ မှတ်နှင့်အထက် ရရှိသူများလျှောက်ထား
ရန် သတ်မှတ်ထားပြီးယခင်နှစ်ထက် ကျောင်းသား ၁,၇၆၀ ဦးလျှော့ချလက်ခံ
သွားမည်ဖြစ်ကြောင်း သိရသည်။
0 comments:
Post a Comment