Friday, August 23, 2013

မာစီဒီး၏ ဈေးကြီးလျှပ်စစ် စူပါ ပြိုင်ကား



ဂျာမနီမာစီဒီးလည်း လောင်စာဆီရှားပါးမှု ပြဿနာအတွက် ကြိုတင်ပြင် ဆင်ထားပါတယ်။ အားလုံး လျှပ်စစ်ကား ထုတ်နေချိန်မှာ သူလည်း မထုတ်ပဲ မနေပါဘူး။ ဈေးကြီး လျှပ်စစ် စူပါကား SLS AMG ကို ပဲရစ်မော်တော် ယာဉ် ပြပွဲမှာ ဝင်ရောက်ပြသသွားပါတယ်။

နှစ်ယောက်စီး ပြိုင်ကား ဖြစ်ပြီး အမိုးပိတ်ကား ဖြစ်ပါတယ်။ ထူးခြားချက်က လျှပ်စစ် မော်တာလေးလုံးသုံးထားခြင်း ဖြစ်ပါတယ်။ ဘီးတစ်ဘီးတိုင်း အတွက် မော်တာတစ်လုံးစီနဲ့ အလုပ်လုပ်မှာ ဖြစ်ပါတယ်။ ဒီတော့ ထုတ်လုပ်နိုင်တဲ့ မြင်းကောင်ရေအားက ပေါင်းလိုက်ရင် ၇၄၀ ရှိပါတယ်။ ဒါဟာ သာမန် ပစ်စတင် ၈လုံးပူး V အင်ဂျင်တွေထက် များတဲ့ပါဝင်ဖြစ် ပါတယ်။ လေးဘီးမောင်းစနစ် ပြိုင်ကားလည်း ဖြစ်ပါတယ်။

လျှပ်စစ်အား သွင်းဖို့အတွက် E-Cell ဘက်ထရီကို သုံးနာရီအချိန်ပေး ရပါတယ်။ ဒီအတွက် နည်းပညာအဆင့်မြင့် ထားခြင်း ဖြစ်ပါတယ်။ သာမန်ဆိုရင် အချိန်အတော်ကြာအားသွင်းရမယ့် အခြေအနေဖြစ်ပါတယ်။ အတွင်းအပြင် ပြင်ဆင်ထားမှုကလည်း ထူးခြားလှပပါတယ်။

ဝိတ်လျော့ချရန်အတွက်လည်း သံမဏိစတီးများ အသုံးမပြုထားပါ ဘူး။ တော်တော်များများကတော့ ကာဘွန်ဖိုက်ဘာသားတွေနဲ့ လုပ်ထားခြင်း ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၅ သိန်း ၃သောင်းကျော်ရှိပြီး လာမယ့်နှစ်မှာ စတင်ဖြန့်ချိမယ်လို့ သိရပါတယ်။
---
Ref:autoblog
ColayAutomobile

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...