Friday, August 23, 2013
မြန်မာပြည်မှာ မိုဘိုင်းဖုန်း ကိုယ်ပိုင် သုံးချင် ပြောချင်သူက အနည်းဆုံး ၂ နေရာကို သွားရဖွယ် ရှိပါတယ်။တနေရာက SIM card ရောင်းတဲ့နေ
ရာပါ။ နောက်တနေရာကတော့ မိုဘိုင်းဖုန်းအခွံ (အများအခေါ် - ဟန်းဆက်) ရောင်းတဲ့နေရာပါ။
ဒီနှစ်ခု ပိုင်ဆိုင်ပြီ ဆိုမှ ကြိုတင်ငွေဖြည့်ကတ် (prepaid card) ဝယ်ပြီး
ငွေထည့်တယ်၊ ဖုန်းဆက်တယ်။
အမေရိကန်မှာ မိုဘိုင်းဖုန်း ကိုယ်ပိုင် သုံးချင် ပြောချင်သူက
1 - ကြိုတင် ငွေဖြည့်ကတ် သုံးရတဲ့ဖုန်းကို ရွေးမယ်။ သို့မဟုတ်
2 - ကြိုတင် ငွေမဖြည့်ဘူး။ လကုန်မှ ကျသင့်သလောက် ရှင်းရတဲ့ ဖုန်းအမျိုးအစားကို ရွေးမယ်။
နံပတ် 2 ကို ရွေးတဲ့သူက ဖုန်းဆိုင်မှာ ၂ နှစ် စာချုပ်ချုပ်မယ်၊ ဖုန်းအမျိုး
အစားကို ရွေးမယ်။
၂ နှစ် စာချုပ် ဆိုတာက မင်းတို့ ဆက်သွယ်ရေးကုမဏီကရောင်းတဲ့ဖုန်းကို အနည်းဆုံး ၂ နှစ် သုံးပါ့မယ် ဆိုတဲ့ သဘောတူညီချက်။ဖုန်းအမျိုးအစား
ကို ရွေးတယ် ဆိုတာက Apple, HP, Motorola, HTC, Huawei, LG, Nokia, Samsung, Sony အစရှိတဲ့ စမတ်ဖုန်းတံဆိပ်တွေကို ရွေးတာပါ။
မြန်မာပြည်မှာ ဆက်သွယ်ရေးကို MPT တို့က ချုပ်ထားပါတယ်။အမေရိကန်
မှာတော့ Verizon, AT&T, Sprint, T-Mobile တို့က ချုပ်ထားပါတယ်။ ဒါက လပေးစနစ်သုံးသူများအတွက်ပါ။
မြန်မာပြည်မှာလို ကြိုတင်ပေးစနစ်အတွက် ကုမဏီ ဆယ်ခုထက်မနည်း ရှိပါလိမ့်မယ်။ ဆက်သွယ်ရေးကုမဏီ တခုထက်မက လုပ်ပိုင်ခွင့်ပေး
ထားတဲ့နိုင်ငံတွေမှာ မိုဘိုင်းဖုန်းအတွက် အပြိုင်အဆိုင် ဈေးချရ၊ ဝန်ဆောင်မှုပေးရ၊ ဆက်ဆံရေး သိမ်မွေ့ယဉ်ကျေးရပါတယ်။
မြန်မာပြည်မှာလို ဈေးတင်ပြီး ကျနော်တို့ကို လည်ပင်းညစ်တာမျိုး သူတို့ လုပ်လို့ မရပါ။ အပေါ်စီးက မနေပါ။
အချိန်ဆွဲထားတဲ့ ဈေးကွက်ပြိုင်ဆိုင်ခွင့် လာမယ့်နှစ်ထဲ ဖွင့်ပေးရင်တော့ ကျနော်တို့ အသက်ရှူချောင်မှာ ဖြစ်ပါတယ်။အခုတော့ ဖုန်းကတ်တခု
အတွက် ငွေတသိန်းဝန်းကျင် သို့မဟုတ် နှစ်သိန်းဝန်းကျင် ဆက်လက် ကုန်ကျနေရမှာဖြစ်ပါတယ်။
0 comments:
Post a Comment