Friday, August 23, 2013

Camaro ကိုယှဉ်မည့် Ford ၏ Mustang -muscle ကား


Muscle ကားဆိုတာ Racing ကားတစ်မျိုး ဖြစ်ပါတယ်။ သို့ပေမယ့် အခြား ပြိုင်ကားများနဲ့ မတူပါဘူး။ သာမန် ပြိုင်ကားများထက် အကြမ်းခံပြီး အင်ဂျင်ပါဝါ အလတ်စားနဲ့ ခပ်ကြမ်းကြမ်းမောင်းနိုင်တဲ့ ကားများ ဖြစ်ပါတယ်။ ယခုမြင်နေရတာကတော့ အမေရိကန် Ford Motor ကုမ္မဏီကထုတ်တဲ့ ၂၀၁၃ မော်ဒယ် Ford Mustang -Cobra Jet Concept ကား ဖြစ်ပါတယ်။

Muscle ကားလောကကို အပြောင်းအလဲ ဖြစ်စေမယ့် ကားလို့ ဆိုပါတယ်။ Ecoboost လို့ခေါ်တဲ့ ဆီစားလည်း သက်သာ၊ အိဇောလည်း အထွက်နည်းမယ့် နည်းပညာနဲ့ ထွက်ရှိလာမယ့် ကားမို့လို့ ဖြစ်ပါတယ်။ အမေရိကန်မှာ Muscle ကားထုတ်ပြီး အဓိက ပြိုင်ဆိုင်နေတဲ့ ကုမ္မဏီ နှစ်ခုကတော့ General Motors နဲ့ Ford ပဲ ဖြစ်ပါတယ်။ General Motors ကထုတ်တဲ့ Chevrolet Camaro ဆိုရင်လည်း ကမ္ဘာ့လူကြိုက်များ Muscle ကား ဖြစ်ပါတယ်။ ထိုနည်းတူစွာ Ford Mustang လည်း လူကြိုက်များ Brand ဖြစ်ပါတယ်။

၁၉၆၅ ခုနှစ်ကတည်းက စတင်လို့ ယနေ့အချိန်အထိ ဆက်လက် ထုတ်လုပ်နိုင်နေတယ်ဆိုတာ သက်သေပဲ ဖြစ်ပါတယ်။ ယခုဆိုရင် မျိုးဆက် နံပါတ် ၅ တိတိကို ရောက်လာပြီ ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်ကစတဲ့ Fifth generation ဟာ ၂၀၁၂ နှစ်ကုန်ပိုင်း SEMA ပြပွဲမှာ ဝင်ရောက်ပြသခဲ့တဲ့ Mustan Cobra Jet ကြောင့် ထူးထူးခြားခြား ပြောင်းလဲလာနိုင်တယ်လို့ ခန့်မှန်း ထားကြပါတယ်။
---
Ref:autoblog
ColayAutomobile

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...