Friday, August 23, 2013

ကလေးဝ- ယာကြီးလမ်းကို ၂၀၁၆ ခုနှစ်တွင် အပြီးဆောက်လုပ်မည်ဟု ဆို


Friday, 23 August 2013

အိန္ဒိယ သမ္မတနိုင်ငံ အကူအညီဖြင့် အဆင့်မြှင့်တင် တည်ဆောက်ပေးရန် သဘောတူထားသော ကလေးဝ-ယာကြီး လမ်းအပိုင်းကို ၂၀၁၆ ခုနှစ်တွင် အပြီးသတ် ဆောင်ရွက်သွားရန် လျာထားလျက် ရှိသည်ဟု ဆောက်လုပ်ရေး ၀န်ကြီးက ပြောကြားသည်။ ကလေးဝ-ယာကြီး-မုံရွာလမ်းမှာ ၁၁၅ မိုင်ရှည်
လျားပြီး ကလေးဝ-ယာကြီး လမ်းပိုင်းကို အိန္ဒိယနိုင်ငံမှ လည်းကောင်း၊ မုံရွာ-ယာကြီး လမ်းပိုင်းကို မုံရွာအုပ်စု ဆောက်လုပ်ရေး ကုမ္မဏီမှ ဘီအိုတီစနစ်ဖြင့်
လည်းကောင်း လမ်းတံတားများ ဆောက်လုပ်လျက်ရှိသည်ဟု သိရသည်။

''လောလောဆယ်တော့ ကလေးဝ-ယာကြီး-မုံရွာလမ်းကို ဖိုးဝှီးဒိုက်(4wheel
drive)ပါသော ယာဉ်ငယ်တွေ သွားနေတယ်။ တော်တော် ခက်ခက်ခဲခဲ လာရတယ်။ သြဂုတ် ၂၀ ရက်က အဲဒီလမ်းကို ဖြတ်လာတာပါ။ ဒါပေမယ့် အခုတောင် တွင်းချောင် ရွာတွေက ကားတွေ ဒီလမ်းကို ဟိုင်မွန်ဂျစ် တွေနဲ့ အသုံးပြု ပြေးဆွဲနေတယ်။ သူတို့ သွားလိုက်တော့ ကျွန်တော်တို့ သွားရလာရ အတော်ခက်သွားတယ်။ အခုဆိုရင် ၆၆ မိုင် နဲ့ မိုင် ၇၀ ၀င်းကျင်က အဆိုးဆုံးနေရာ တွေပေါ့။ နောက်ကျော်ရွာနဲ့ မယ်မဲရွာကြားမှာ ဆိုးတယ်။ အခုတော့ တစ်လမ်းလုံး သွားဖို့ခက်သွားပြီ။ မိုးသာဆက်ရွာ နေမယ်ဆိုရင် ကျွန်တော်တို့ သွားလို့မရတော့ဘူး။ ကျောက်ချထားတဲ့ နေရာတွေက သွားရမဆိုးဘူး။ဆိုးတဲ့နေရာတွေက ရွှံ့မြေတွေဆိုတော့ ရုန်းရတာ မလွယ်ဘူး။ ကျွန်တော်တို့ ၂၀၀၄ ခုနှစ် ကတည်းကစပြီး ယာကြီးလမ်းကို သွားလာတာ မိုးတွင်းဆိုရင် အခုထိ မကောင်းသေးဘူး'' ဟု စိုးမိုးသူ ယာဉ်ငယ်လိုင်းမှ ကားဆရာ ဦးတင်လှက ပြောကြားသည်။

မုံရွာ-ယာကြီးလမ်း လမ်းပိုင်း မိုင် ၄၀ ကို မုံရွာအုပ်စု ဆောက်လုပ်ရေး ကုမ္ပဏီမှ ဘီအိုတီ စနစ်ဖြင့် လမ်းတံတား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရက်ခဲ့ရာ မိုင် ၂၀ ကို ၂၀၁၂ ခုနှစ်၊ ဧပြီလတွင် ၁၈ ပေ အကျယ် ကတ္တရာလမ်း ဆောင်ရွက်ပြီးစီးခဲ့ပြီး ကျန်မိုင် ၂၀ ကို ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင် ပြီးစီးရန်ဆောင်ရွက် ရမည်ဟု သိရသည်။ ပဋိညာဉ် စာချုပ်တွင် ပါရှိသည့် လမ်းလွှာပုံစံအတိုင်း သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန် ကုမ္ပဏီတွင် အရည်အသွေး ထိန်းသိမ်းရေးအဖွဲ့ ထားရှိရမည်ဖြစ် ပြီးသတ်မှတ် စံချိန်စံညွှန်းနှင့်အညီ မဆောင်ရွက်နိုင်ဘဲ ပျက်စီးမှုရှိခဲ့ပါက ကုမ္ပဏီမှပင် ငွေကြေးကျခံ၍
ပြန်လည် ပြင်ဆင်ဆောင်ရွက် ရမှာဖြစ်ပြီး၊ တိုင်းတာဝန်ခံ အင်ဂျင်နီယာ
ချုပ်က သွားရောက်စစ်ဆေး ကြည့်ရှုကာ သတ်မှတ်စံချိန် စံညွှန်းအတိုင်း
ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိ တင်ပြလာပါက ဘီအိုတီလုပ်ငန်း ပြန်လည် ရုပ်သိမ်းသွားမည်ဟု ၀န်ကြီးက လွှတ်တော်
တွင် ပြောကြားသည်။

ချင်းတောင်နှင့် ချင်းတောင်ခြေဒေသ၊ ကဘောချိုင့်ဝှမ်း ဒေသများသို့ သွားရောက်ရန် ကလေး-ဂန့်ဂေါ-မုံရွာ-မန္တလေး ကားလမ်း၊ ကလေး - ကလေးဝ -ယာကြီး - မုံရွာ- မန္တလေး ကားလမ်းများကို အသုံးပြုရပြီး အဆိုပါ လမ်းနှစ်လမ်းမှာ ယခုအခါ သွားလာရမှု အခက်အခဲများ ဖြစ်ပေါ်နေသည်ဟု သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...