Friday, August 23, 2013

မိသားစုတစ်ခု ထူထောင်ရန် ဆန္ဒရှိကြောင်း ဂျက်စတင်ဘီဘာ ဖွင့်ဟ



Friday, August 23, 2013

၎င်းအနေဖြင့် မိသားစုတစ်ခု သိုက်သိုက်ဝန်းဝန်း ထူထောင်ရန် အလေး
အနက် ဆန္ဒတစ်ခု ရှိနေကြောင်း ဂျက်စတင်ဘီဘာက ဖွင့်ဟ ပြောကြားခဲ့
သည်။ အသက်(၁၉)နှစ်သာ ရှိသေးသည့် ကနေဒါ လူငယ် Popဂီတ ကြယ်ပွင့်က မိမိသည် ဖခင်တစ်ဦး ဘဝအတွက် မျှော်လင့် ပြင်ဆင်
ထားကြောင်း ဆိုသည်။ မကြာသေးမီက နာမည်ကျော် အဆိုတော် မင်းသမီး ဆယ်လီနာဂိုမက်ဇ်နှင့် လမ်းခွဲခဲ့သည့် Babyစတား ဘီဘာက In Touch Weeklyနှင့် အင်တာဗျူးတွင် ၎င်း၏ စိတ်ကူးအိပ်မက်ကို ထုတ်ဖော်
ပြောဆိုသွားသည်။ "ကျွန်တော့် အနေနဲ့ ချောမောလှပတဲ့ ဇနီးလေး
တစ်ယောက်ရယ်၊ ကလေးလေးတွေရယ် ရှိနေမယ့် ဘဝကို မစောင့်နိုင်အောင် ဖြစ်နေမိပြီ"ဟု ဘီဘာက ဆိုသည်။

၎င်းက ဆက်လက်၍ "ဒါပေမဲ့ ဖြစ်ချင်တာတွေ ဖြစ်မဖြစ် ဆိုတာက ဘုရားသခင်ရဲ့ အလိုတော်ပဲလေ။ ကျွန်တော့် လက်ထဲမှာ စီရင်ဆုံးဖြတ်
ပိုင်ခွင့် မရှိပါဘူး"ဟုလည်း မှတ်ချက်ပြုခဲ့သည်။ ဘီဘာက မိခင်ဖြစ်သူ ပက်တီမာလက်တီသည် မိန်းကလေးများကို မည်သို့မည်ပုံ လူကြီး
လူကောင်းဆန်ဆန် ချဉ်းကပ်သင့်သည်ကို ဆိုဆုံးမလေ့ရှိကြောင်းလည်း ဝန်ခံခဲ့သည်။ "ကျွန်တော် မညာပါဘူး။ လူငယ်ဘဝမှာ ဒါက ပျော်စရာပဲလေ။ ချစ်မယ်၊ ကြိုက်မယ်။ ဒီလိုပဲပေါ့။ မေမေက ကျွန်တော့် အနေနဲ့ မိန်းကလေး တစ်ယောက်ကို ဘယ်လို ဆက်ဆံချဉ်းကပ်သင့်တယ် ဆိုတာကို သင်ပေးလေ့ ရှိပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း မိန်းကလေး တစ်ယောက်နဲ့အတူ အပြင်ထွက်လည်ပြီး သူ့အကြိုက် ဖြည့်ဆည်းပေး
ရတာမျိုးကို သဘောကျပါတယ်"ဟု ဘီဘာက ပြောဆိုသွားသည်။

Planet Myanmar Network

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...