Friday, August 23, 2013

“Discourse Markers...လေ့လာစရာ”


အင်္ဂလိပ်စကားပြောရာမှာ အရမ်းအသုံးဝင်လှတဲ့ ..Discourse Markers .လေးတွေအကြောင်း ပြောပြချင်ပါတယ်။ဒီအကြောင်း နာမည်သာ ဆန်း သလိုဖြစ်နေပေမယ့်..ကျွန်တော်တို့ သုံးနေကျစကားတွေပါ။Discourse ဆိုတာ အလေးအနက် ၊အကျယ်တ၀င့် ဟောပြောချက်၊ရေးသားချက်ကို ဆိုလိုတာပါ။ဒီလို အကျယ်တ၀င့် ပြောကြားချက် ဖြစ်အောင် အချို့စကား လုံးတွေ၊ စကားစုတွေကို အသုံးပြုကြရပါတယ်။အဲဒီစကားလုံးတွေ၊စကား စုတွေကိုပဲ Discourse Markers လို့ ခေါ်တာဖြစ်ပါတယ်။Discourse Mark- ers တွေဟာ.၀ါကျအပေါ် မှခိုမှုကင်းပြီး ၀ါကျရဲ့အဓိပ္ပါယ်ကို မပြောင်းလဲပေး ပါဘူး။ဒါပေမယ့်..သူ့ကိုကိုသုံးလိုက်ခြင်းအားဖြင့်...(၁)ပြောပြီးသားစကား နဲ့ ပြောရမယ့်စကားတွေကို ဆက်နွှယ်ပေးနိုင်ပါတယ်။(၂) တစ်ယောက် .ယောက် ပြောလိုက်တဲ့စကားနဲ့ ကျွန်တော်တို့ ပြန်ပြောမယ့် ..စကားတို့ကို ဆက်နွှယ်ပေးနိုင်ပါတယ်။(၃) ကျွန်တော်တို့ ဘာကြောင့်ပြောရသလဲဆိုတာ ရယ် ဘာပြောနေတာလဲဆိုတာနဲ့ ပတ်သက်ပြီး ကိုယ့်ထင်မြင်ချက်ကိုပြောပြ .နိုင်ပါတယ်။ဥပမာပေးရရင် ......."oh", "well", "now", "then", "you know", a "I mean","so", "because", "and", "but", "or" "actually", "basically", "okay".စတာတွေဟာ Discourse Markers တွေပါပဲ။ဒီလို.. Discourse markers တွေထဲက အသုံးများတာလေးတွေကို နမူနာတွေနဲ့ တကွ ဖော်ပြပေးလိုက်ပါတယ်။

(1) စကားပြောနေရင်းက အကြောင်းအရာသစ် တစ်ခုခုကို ပြောပြချင်တဲ့ အခါ. By the way “စကားမစပ်”လို့ အဓိပ္ပါယ်ရတဲ့ Discourse Marker ကိုသုံးပါ တယ်။
Min Min has passed the exam.By the way, have you heard from Nyo Nyo?
မင်းမင်းတော့ စာမေးပွဲအောင်သွားပြီ။ဒါနဲ့ ..ညိုညိုဆီက ဘာသတင်းကြားလဲ။

(2) ပြောလိုက်တဲ့စကားထဲက အစိတ်အပိုင်းတစ်ခုကို အခြားစကားတစ်ခုနဲ့ ဆက်နွှယ်ချင်တဲ့အခါ..Talking about (--ဆိုလို့ ပြောရဦးမယ်) ဆိုတဲ့ Discourse Marker ကို သုံးပြီးပြောပါတယ်။
I played tennis with Lin Htet yesterday.
မနေ့က..လင်းထက်နဲ့ငါ တင်းနစ်ကစားခဲ့ကြတယ်။
Oh,yes.Talking about Lin Htet ,do you know he's going to get married.
သြော်..ဟုတ်လား။လင်းထက်ဆိုလို့ ပြောရဦးမယ်။သူအိမ်ထောင်ပြုတော့မယ်ဆိုတာ မင်းသိပြီးပလား။

(3) Firstly,secondly,thirdly,first of all , to start with ဆိုတဲ့ Discourse Markers တွေကိုတော့..ကျွန်တော်တို့ပြောဆိုမှုရဲ့ အစီစဉ်ကို .ပြပါတယ်။
(a)Firstly ,we need somewhere to live.Secondly,we need to find work.And thirdly,........
ပထမဦးဆုံး နေစရာ နေရာတစ်နေရာလိုတယ်။ပြီးတော့ အလုပ်ရှာဖို့ လို တယ်။ တတိယအနေနဲ့ကတော့........
(b) What are you going to do?
မင်းက..ဘာလုပ်မှာလဲ။
Well,to start with I'm going to buy a house.
အဲ..ပထမဆုံး အိမ်တစ်အိမ် ၀ယ်မယ်ကွာ။

(4) All the same, Yet,Still, On the other hand, However..စတဲ့ Discourse Markers..တွေကိုတော့..ပြောပြီးသားစကားနဲ့ ဆန့်ကျင်ဖက်ကို .ဖော်ပြလိုတဲ့အခါ..သုံးကြပါတယ်။သို့သော်ငြားလည်း၊ဒါပေမယ့်၊တစ်ဖက်က....ကြည့်ရင် ..စတဲ့ အဓိပ္ပါယ်မျိုးပါ။
(a) He's not working very well.သူလုပ်လုပ်တာ သိပ်မတော်ဘူးနော်။
All the same,he's trying hard.သို့ပေမယ့်လဲ သူကြိုးစားရှာပါတယ်ကွာ။
(b) It's not much of a flat.တိုက်ခန်းကြီးရယ်လို့လဲ မဟုတ်ပါလား။
Still ,it's home. ဒါပေမယ့်..ဒါလဲအိမ်ပါပဲ။

(5) Anyway,anyhow,at any rate..စတဲ့ Discourse Markers..တွေကို .ပြောပြီးသား စကားဟာ အရေးမကြီးကြောင်း၊အဓိကအချက်က... ဒီလိုပါ လို့ ပြောချင်တဲ့အခါ..သုံးရပါတယ်။ဘာပဲဖြစ်ဖြစ်..လို့ ဆိုလိုပါတယ်။
I'm not sure what time I'll arrive;maybe half past seven or a quarter to eight.Anyway,I'll be there before eight.
ကျွန်တော် ဘယ်အချိန်ရောက်မယ်ဆိုတာ မသေချာဘူး။ ခုနှစ်နာရီခွဲလဲ ဖြစ် ချင်ဖြစ်မယ်။ရှစ်နာရီမတ်တင်းလဲ ဖြစ်ချင်ဖြစ်မယ်။ဘာပဲဖြစ်ဖြစ်..ရှစ်နာရီမထိုးခင်တော့..ရောက်မှာပါ။

(6) ပြောပြီးစကားကို ချွင်းချက်တစ်ခုခုဖြည့်ပြောချင်ရင် Mind you (..တော့ ... တာပေါ့)ဆိုတဲ့ Discourse Markerကို သုံးနိုင်ပါတယ်။
I don't like the job at all,really.Mind you, the salary's good.
ဒီအလုပ်ကို လုံးဝ မကြုက်ဘူး..တစ်ကယ်ပြောတာ။လခကတော့. .ကောင်းတာပေါ့.နော်.။

(7) Kind of,sort of ဆိုတဲ့ Discourse Markers တွေကိုတော့ တိတိ ကျကျ ပြောတာမဟုတ်တဲ့အခါမှာ သုံးကြပါတယ်။သလိုလို..လို့ အဓိပ္ပါယ် ရပါတယ်။
(a) I sort of thought this might happen. ဒါဖြစ်တော့မယ်လို့ တွေးမိသလိုလိုပဲ။
(b) I feel sort of dizzy.မူးသလိုလို ခံစားရတယ်။
(c) Do you understand? နားလည်လား။
“Sort of.” နားလည်သလိုလိုပဲ။

(8) Let me see ကိုတော့..စကားမပြောခင် စဉ်းစားချိန်ယူတဲ့အခါ. .သုံးပါ တယ်။
ံHow much are you selling it for?ဒါကို ဘယ်လောက်နဲ့ ရောင်းမှာလဲဗျ။
Well,let me see...... အဲ..နေပါဦး..ဘယ်လောက်ပါလိမ့်.....

(9) I meanကိုတော့..ပြောပြီးစကားကို ပိုရှင်းအောင် ၊အသေးစိတ် ရှင်းလင်းပြောချင်တဲ့အခါ..သုံးပါတယ်။
It was a terrible evening.I mean,they all sat around and talked politics for hours.
အဲဒီညနေခင်းကတော့ ဆိုးပါ့ကွာ။ငါပြောချင်တာက သူတို့က နိုင်ငံရေး အကြောင်းပဲ ထိုင်ရာမထ အကြာကြီး ပြောနေခဲ့ကြတာလေ။

(10) Well ကိုတော့ သဘောတူညီတာ၊သဘောမတူညီတာကို ခပ်ပြင်းပြင်း မဟုတ်ပဲ နူးညံ့ညင်သာစွာ ပြန်ပြောတဲ့အခါသုံးတဲ့ Discourse markers ပါပဲ။ I'm afraid ကတော့ သတင်းအချက်အလက် မကောင်းတာ ပြောရမှာ.. စိတ် မကောင်းဖြစ်တဲ့အခါ..သုံးပါတယ်။
(a) Do you like it?ဒါကို ကြိုက်လား။
Well,yes,it's all right. အဲ.အင်း..ကြိုက်ပါတယ်။အဲဒါက အဆင်ပြေပါတယ်
(b) Can I borrow your car?မင်းကား..ခဏငှားနိုင်မလား။
Well,no.I'm afraid you can't.အဲ..မငှားနိုင်ဘူး..။မင်းကို..မငှားနိုင်ဘူးလို့ စိတ်မကောင်းစွာနဲ့ပဲ ပြောရတော့မှာပဲ။

-------------------------xxxxxxxxxxxxx-----------------------------

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...