Friday, August 23, 2013

စွန့်ပစ် ငါးအစိတ်အပိုင်းများ ဈေးကွက်ဝင်လာ



ရန်ကုန် ၊ ၂၃-၈-၂၀၁၃

မြန်မာနိုင်ငံ မှ ပြည်ပ ငါးတင်ပို့မှုတွင် စွန့်ပစ် ငါးအစိတ်အပိုင်း များလည်း ဈေးကွက် ၀င်လာခြင်း ကြောင့် ငါးဈေးကွက်တွင် အခြေအနေ ပြောင်းလာကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင် ကပြောကြား ကြောင်း သိရသည်။

ယခင်က ပြည်ပ တင်ပို့ရန် ပို့ကုန် လုပ်ငန်းရှင် များက ငါးဝယ်ယူရာတွင် 2up , 3up, 4up စသည်ဖြင့် အရွယ်အစား အလိုက် ဈေးသတ်မှတ် ၀ယ်ယူ ကြခြင်းဖြစ်ပြီး ယခုကဲ့သို့ ငါးများ မျိုးပွားသော ရာသီကာလ တွင် ဥကပ်ငါးများ ရှိနေခြင်းကြောင့် မူလ ၀ယ်ယူသော အရွယ်အစား ထက် အရွယ်တိုး သတ်မှတ် ၀ယ်ယူရာမှ ယခုနှစ်တွင် အရွယ်တိုးမြင့် သတ်မှတ်ခြင်း မရှိဘဲ မူလအတိုင်းပင် ၀ယ်ယူ ကြခြင်း ဖြစ်သည်။

ငါမြစ်ချင်းဥ ပြည်တွင်း ပြည်ပ ဈေးကွက်ဝင် ခြင်းကြောင့် လည်းကောင်း ၊ ငါးကလီစာ ၊ စည်ဖောင်း များကလည်း တိရစ္ဆာန် အစာစပ် လုပ်ငန်းများတွင် အသုံးပြု နိုင်ခြင်းကြောင့် လည်းကောင်း ၊ ပြည်ပ ဈေးကွက် ရရှိ လာခြင်းကြောင့် အရွယ်တိုးပြီး သတ်မှတ် ရမည် ဆိုသည့် အချက်ကို ယခုနှစ်တွင် ကျော်လွှားပြီး ဈေးကွက်ပုံစံ ပြောင်းလဲ သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ငါးမြစ်ချင်း နှစ်ပိဿာခွဲ တစ်ကောင်လျှင် ဥမှာ အနည်းဆုံး ၅၀ ကျပ်သား အထက်တွင်ရှိပြီး ယခင်က စွန့်ပစ်ရသော အဆိုပါ ဘေးထွက် ပစ္စည်းများမှာ ပြည်တွင်း သာမက ပြည်ပ ဈေးကွက်တွင် ဈေးကောင်း ရသော အခြေအနေမျိုး ကြုံလာ ကြကြောင်း သိရှိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...