Friday, August 23, 2013

KNU တပ်မဟာ(၄) မှ ထားဝယ်-ထီးခီးလမ်း လိုင်းကားများနှင့် မြန်မာနံပါတ်တပ်ကားများကို ဖမ်းဆီးထား


KNU တပ်မဟာ(၄)မှ ထားဝယ် - ထီးခီးလမ်း၊ မေတ္တာမြို့နယ်ခွဲအလွန် ဆင်ဖြူတိုင်ရွာအနီးတွင်  ထားဝယ်-ထီးခီ လိုင်းကားများအား ဖမ်းဆီးထိန်းသိမ်းထားပါသည်။ယခင်နေ့များက ထားဝယ်ခရိုင် သရက်ချောင်းဘက်တွင် KNU မှ လူအချို့ကိုယ်တိုင် မောင်းနှင်ပြီးပို့ဆောင်လာသော လိုင်စင်မဲ့(ဝစ်သောက်)ကားတစီးအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးလိုက်ခြင်းအတွက် တန်ပြန်တုံပြန် ကလဲ့စားချေခြင်းဟု နယ်မြေခံများဆီမှ တစ်ဆင့်သိရှိရပါသည် ။

ဖမ်းဆီးထိန်းသိမ်းထားသော လိုင်းကားများတွင် ရွှေမင်းသမီးယာဉ်လိုင်းမှ မော်တော်ယာဉ် (၂)စီးနှင့်   တရားဝင်(မြန်မာ)နံပါတ်ပြားတပ်ထားသောကားများပါရှိသည်။.ဒေသအခေါ်.ဈေးကား/ထိုင်းကား(ဝစ်သောက်ကား)တွေကိုတာ့ ဆက်ကြေးပေးဆောင်ဖြတ်သန်းခွင့်ယူထားသောကြောင့် သွားခွင်ပြုထားကြောင်း သိရှိရပါသည် ။ငြိမ်းချမ်းရေးစကားဆိုလျှက် အပစ်အခတ်ရပ်စဲရေးကာလတွင် တရားဥပဒေဘောင်ကိုကျော်လွန်ပြီး ရဲတင်းစွာကျုးလွန်နေရုံမက တရားဥပဒေဘောင်အတွင်းမှ မှန်ကန်စွာ တည်ရှိလိုက်နာနေသော မော်တော်ယာဉ်များကိုသာဖမ်းဆီးပြီး တရားမဝင် လိုင်စင်မဲ့(ဝစ်သောက်ကား)များကို စီးပွါးဖြစ်ပို့ဆောင်/ဖြတ်သန်းခွင့် ပေးနေခြင်းကို နားမလည်နိုင်အောင်ပင်ဖြစ်ရပါသည် ။

KNU ၏ပါးစပ်ဖျားမှ ထွက်ပေါ်လာသော တရားဥပဒေ ဆိုသော စကားများကို မည်သို့ယုံကြည်ရမည်နည်း ။KNU ၏ ငြိမ်းချမ်းရေးစကားများက မည်သည့်အသွင်ဆောင်နေပါသနည်း ။စစ်ပန်းချိန်တွင် ခေတ္တ အပစ်အခတ်ရပ်စဲပြီး တရားဥပဒေ ဘောင်အတွင်းခေတ္တဝင်ရောက်ကာ လက်နက်အားကိုးဖြင့် မိုက်ကန်းစွာ စီးပွါးရှာ အင်အား+လက်နက် စုနေခြင်းလောဟု ထင်မြင်မိပါကြောင်း ။
(မောင်ကျောက်ခဲ အဖွဲ့)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...