Friday, August 23, 2013

ကချင် ပြည်နယ်ရှိ ဂမ်လန်ရာဇီ ရေခဲတောင် အမြင့်ကို အတိအကျ တိုင်းထွာ ပြီးပါက အရှေ့တောင်အာရှ အမြင့်ဆုံး ရေခဲတောင် ဖြစ်လာ နိုင်မည်


Friday, August 23, 2013

မြန်မာနိုင်ငံ ကချင်ပြည်နယ်ရှိ ဂမ်လန်ရာဇီ ရေခဲတောင်၏ အမြင့်ပေအား အတိအကျ တိုင်းထွာပြီးပါက အရှေ့တောင် အာရှ၌ အမြင့်ဆုံး ရေခဲတောင် ဖြစ်လာနိုင်ကြောင်း အဆိုပါ တိုင်းထွာရေးအတွက် တောင်တက်အဖွဲ့ ကိုယ်စား ထူးဖောင် ဒေးရှင်းမှ ဦးပေါ်မြင့်ဦးက ပြောကြားသည်။

အဆိုပါ တောင်တက် အဖွဲ့အတွင်း အမေရိကန် တောင်တက်အဖွဲ့ လေးဦး၊ မြန်မာတောင်တက် အဖွဲ့ နှစ်ဦးပါဝင်ပြီး လိုအပ်သော အကူအညီ များကို ထူးဖောင်ဒေးရှင်းမှ ပံ့ပိုးသွားမည် ဖြစ်ကြောင်း၊ အမေရိကန် နိုင်ငံနှင့် ရုရှားနိုင်ငံ တို့၏ Topography Photo (၁၉၄၅)အရ ဂမ်လန်ရာ ဇီ ရေခဲတောင် သည် မြန်မာနိုင်ငံတွင် လက်ရှိအမြင့်ဆုံး ဖြစ်သော ခါကာ ဘိုရာဇီ တောင်ထက်ပေ ၉ဝ ပိုမြင့်ကြောင်း သိရှိရသည်။

''တောင်တက် အဖွဲ့တွေက GPS စနစ်နဲ့ တိုင်းထွာမှာပါ။ မြင့်မားကြောင်း သက်သေပြနိုင်ရင် အရှေ့တောင် အာရှမှာ အမြင့်ဆုံး ဖြစ်လာမယ်၊ ဒီအတွက် သွားရောက်တိုင်းထွာ နေကြပါပြီ''ဟု ၎င်းက ပြောကြားသည်။

ယင်းဂမ်လန်ရာဇီ ရေခဲတောင်သည် လက်ရှိတွင် အရှေ့တောင်အာရှ၌ ဒုတိယ အမြင့်ဆုံး တောင်အဖြစ် ရပ်တည် လျက်ရှိပြီး တောင်ထိပ် အမြင့် မီတာ ၅၈၅ဝရှိကြောင်း၊ ဂမ်လန်ရာဇီ ရေခဲတောင်အား GPSနှင့် တိုင်းထွာမည့် အသွားအပြန် တစ်လျှောက် သဘာဝ ပတ်ဝန်းကျင်နှင့် သက်ဆိုင်သော လုပ်ငန်း များ၊ မြို့ရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း များ လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

အမေရိကန် တောင်တက်သမား အန်ဒီတိုင်စန်၊ မော်လီတိုင်စန်၊ ခရစ်နန့်စ်၊ မက်ခ်ဖစ်ရှာ၊ မြန်မာ တောင်တက်သမား ဝင်းကိုကိုနှင့် ပြည့်ဖြိုးအောင် တို့သည် ဂမ်လန်ရာဇီ ရေခဲတောင် အမြင့်ပေ တိုင်းထွာရန်အတွက် တရုတ်နိုင်ငံရှိ ဟာဘာ ရှမ်း တောင်ပေါ်အား အတူလေ့ကျင့် တက်ရောက် ပြင်ဆင် ခဲ့ရကြောင်း သိရှိရသည်။

စိုးမိုး

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...