Wednesday, January 22, 2014

အမျိုးသမီးတွေထံက သင်ယူနိုင်တဲ့ စွမ်းရည်(၁၀)မျိုး - အပိုင်း(၂)




(၆) ခွင့်လွှတ်တတ်ခြင်း



မနာလို တွန့်တိုတယ်ဆိုတာ ကလေးဆန်တဲ့အလုပ်ပါ။ သူတို့ရဲ့ အမျိုးသမီးတွေက အမှားတစ်စုံတစ်ရာ လုပ်မိတဲ့အခါ အကြီးအကျယ်စိတ်တိုပြီး ခွင့်မလွှတ်တတ်တဲ့ အမျိုးသားတွေကို တွေ့ဖူးကြမှာပေါ့။ ဒါပေမယ့် သူတို့အလှည့်မှာတော့ အမျိုးသမီးတွေက ရင့်ကျက်တဲ့အသွင်နဲ့ အမှားတွေကို ခွင့်လွှတ်ပေးပြီး မေ့ပစ်ပေးလိုက်ကြတာ တွေ့ရမှာပါ။

(၇) နီးနီးကပ်ကပ် နွေးထွေးခြင်း



အမျိုးသားတွေအတွက် နွေးထွေးတတ်တဲ့အချိန်က အိပ်ရာထဲမှာများလား။ အမျိုးသားတွေ သတိထားရမှာက နွေးထွေးမှု ၊ ပွတ်သပ်ယုယမှုဆိုတာ အချိန်တိုင်းမှာ ရှိနေသင့်ပါတယ်။ နွေးထွေးမှုဆိုတာ အခြားသူတစ်ဦးတစ်ယောက်နဲ့ အရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ဆက်စပ်နေစေမယ့် အကောင်းဆုံး အပြုအမူပါ။

(၈) သတ်သတ်မှတ်မှတ်ရှိခြင်း



ဒါကို အမျိုးသမီးတွေဆီက သင်ယူရမယ်ဆိုရင်တော့ ဘယ်သူမှ မငြင်းလောက်ပါဘူး။ သတ်သတ်မှတ်မှတ် တစ်ယောက်ဆိုတစ်ယောက် ချစ်ဖို့ဆိုတာ အမျိုးသားတွေ အကြောက်ရွံ့ဆုံး အရာလည်း ဖြစ်ပါတယ်။ အမျိုးသမီးတွေကတော့ သူမတို့ရဲ့ အချိန် ၊ ငွေကြေး ၊ ဂရုစိုက်မှု ၊ ချစ်ခြင်းမေတ္တာတွေ အားလုံးကို သင့်တစ်ယောက်တည်းအပေါ် ပုံအပ်ပြီး ချစ်လိုက်ဖို့ ဘယ်တုန်းကမှ ၀န်မလေးခဲ့ပါဘူး။ သင့်မှာသာ ဒီအချက်တစ်ချက် ပြည့်စုံခဲ့မယ်ဆိုရင် သင်ဟာတကယ့် real man တစ်ယောက်ဖြစ်ပါပြီ။

(၉) ဆုံးဖြတ်ချက်များ ပြုလုပ်ခြင်း



ဆုံးဖြတ်ချက် ကြီးကြီးမားမား ချစရာကြုံလာတိုင်း အမျိုးသမီးတွေဟာ ဘယ်လောက်များ မှန်လိုက်သလဲဆိုတာ တွေ့ရမှာပါ။ အမျိုးသားတစ်ယောက်အနေနဲ့ သင့်မှာလည်း ရှိသင့်တဲ့ အရည်အချင်း တစ်ခုပါ။ ဒါဟာဘာကြောင့်လဲဆိုတော့ အမျိုးသားတွေက သုညအပြင် ဆုံးရှုံးစရာဘာမှမရှိဘူးလို့ ယူဆတတ်ပေမယ့် အမျိုးသမီးတွေကတော့ လက်ထဲရှိပြီးသား ဘယ်အရာကိုမှ အဆုံးရှုံးမခံတတ်ကြပါဘူး။

(၁၀) အတ္တစိတ်ကို ဘေးဖယ်ထားနိုင်ခြင်း



စကားများ ကတောက်ကဆဖြစ်တဲ့အခါ အမျိုးသားတွေက မာနကိုရှေ့တန်းတင်တတ်ကြပါတယ်။ အဲဒီ မာနတရားကပဲ ဘာမဟုတ်တဲ့ ပြဿနာတွေကို ပိုကြီးထွားစေတာပါ။ ဒီအချက်ကိုလည်း အမျိုးသမီးတွေထံက သင်ယူရပါလိမ့်ဦးမယ်။ သူမတို့အတွက်ကတော့ “ငါ” ဆိုတဲ့ အတ္တကြီးမှုကို ဖယ်ရှားထားနိုင်လို့ ပူလောင်မှုတွေ ကင်းဝေးပါတယ်။

ဒီလိုဆိုတော့ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုမိုစွမ်းဆောင်နိုင်ကြတာပဲလို့လည်း မဆိုလိုပါဘူး။ အမျိုးသားတွေထံကလည်း သူမတို့အနေနဲ့ သင်ယူစရာတွေ ရှိတာပါပဲ။ ပြီးပြည့်စုံတဲ့သူ မရှိဘူးဆိုသလိုပဲ ဒါဟာ သူမတို့အတွက် သဘာဝပေးထားတဲ့ လက်ဆောင်တစ်ခုပါ။

Ref:mensxp

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...