Wednesday, January 22, 2014

ရုရှားအိုလံပစ် အားကစားပွဲကို အကြမ်းဖက် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားသည့် ဗီဒီယိုဖိုင် ထွက်ပေါ်





ရုရှားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆောင်းရာသီအိုလံပစ် အားကစားပွဲ၏ လုံခြုံရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာမှ စိုးရိမ်ပူပန်နေသည့် အချိန်တွင် အဆိုပါ အားကစားပွဲကို အကြမ်းဖက် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားသော ဗီဒီယိုဖိုင်တစ်ခု တနင်္ဂနွေနေ့က ထွက်ပေါ်ခဲ့ ကြောင်း CNN သတင်းဌာနတွင် ဖော်ပြထားသည်။

ဂျီဟတ်စစ်ပွဲ ဆင်နွှဲရေးနှင့် ပတ်သက်သော ရေးသားမှုများ ပြုလုပ်လျက် ရှိသည့် အင်တာနက် စာမျက်နှာတစ်ခုတွင် ထွက်ပေါ် လာခဲ့သော ထိုဗီဒီယို ထဲတွင် ပြီးခဲ့သောလက ရုရှားနိုင်ငံ၊ ဗိုလ်ဂိုဂရတ်မြို့တွင် ဖြစ်ပွားခဲ့သည့် အသေခံဗုံးခွဲ တိုက်ခိုက်မှုများတွင် ပါဝင် ပတ်သက်ခဲ့သည်ဟု ယူဆရသော လူငယ်နှစ်ဦးက အိုလံပစ် အားကစားပွဲသို့ တက်ရောက်လာသူ များကို တိုက်ခိုက်သွားမည်ဟု ခြိမ်းခြောက် ပြောကြားထားသည်။

"ကျုပ်တို့မှာ ခင်ဗျားတို့နဲ့ ခင်ဗျားတို့ အားကစားပွဲကို လာမယ့် ခရီးသွားတွေ အတွက် လက်ဆောင်တစ်ခု ရှိတယ်။ မြေကျခဲ့ရတဲ့ မွတ်ဆလင်သွေးတွေ အတွက် ပေးမယ့် ကျုပ်တို့ရဲ့ လက်ဆောင်ကို အိုလံပစ်ပွဲ ကျင်းပရင် ခင်ဗျားတို့ ရလိမ့်မယ်" ဟု အယ်လ်ကေဒါ အဖွဲ့နှင့် ဆက်နွှယ်မှုရှိသော ဘာသာရေးအလံ ရှေ့တွင် ရပ်နေသည့် အနက်ရောင်ဝတ်စုံနှင့် လူငယ်နှစ်ဦးက ထိုဗီဒီယိုထဲတွင် ပြောကြားထားသည်။

ဖေဖော်ဝါရီလ ထဲတွင် ဆိုချီမြို့၌ ကျင်းပမည့် ဆောင်းရာသီ အိုလံပစ် အားကစားပွဲသည် အခြားသော ထိပ်တန်း အခမ်းအနားများ နည်းတူ အကြမ်းဖက်သမား များ၏ ပစ်မှတ် ဖြစ်လာနိုင်သည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားသည်။

သို့သော် ရုရှားနိုင်ငံသည် ခြိမ်းခြောက်မှု များကို မည်ကဲ့သို့ရင်ဆိုင်ရမည်ကို ကောင်းစွာ နားလည်ထားပြီးသား ဖြစ်ပြီး မည်ကဲ့သို့ ရပ်တန့်ပစ်ရမည် ကိုလည်း ကောင်းစွာ သိရှိထားပြီးသား ဖြစ်သည်ဟု မစ္စတာပူတင်က ပြောကြားသည်။

ပြီးခဲ့သောလက ဗိုလ်ဂိုဂရတ်မြို့တွင် ဖြစ်ပွားခဲ့သော အသေခံဗုံးခွဲမှု များကြောင့် လူ ၃၀ ကျော် သေဆုံးခဲ့ရပြီးသည့် နောက်တွင် ဆိုချီအိုလံပစ်အားကစားပွဲ၏ လုံခြုံရေး အပေါ် စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်လျက် ရှိသည်။
သို့သော် ရုရှားသမ္မတပူတင်က အိုလံပစ်ပွဲသို့ တက်ရောက်မည့်သူများ
ဘေးကင်းလုံခြုံမှု အပြည့်အဝ ရှိစေရမည်ဟု အာမခံထားပြီး ရုရှားနိုင်ငံသည် နိုင်ငံတကာ အဆင့်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းနှင့် ပတ်သက်ပြီး အတွေ့အကြုံ ကောင်းစွာ ရှိထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

"လုံခြုံရေး လုပ်ဆောင်ချက်တွေကို ဧည့်သည်တော်တွေ စိတ်အနှောင့်အယှက် မဖြစ်အောင်နဲ့ အလွန်အမင်း ပေါ်ပေါ်လွင်လွင် မဖြစ်အောင် ကြိုးစားလုပ်ဆောင် သွားမှာပါ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ထိရောက်တဲ့ လုံခြုံရေးလုပ်ဆောင်ချက် တွေဖြစ်ဖို့လည်း အစွမ်းကုန် ကြိုးစားသွားမှာပါ" ဟု မစ္စတာပူတင်က ပြောကြားသည်။

ထို့ပြင် အိုလံပစ်အားကစားပွဲ လုံခြုံရေးကို ရဲအရာရှိ ၄၀,၀၀၀ ခန့်နှင့် အထူး စုံစမ်းထောက်လှမ်းရေး အရာရှိများက တာဝန်ယူသွားမည် ဟုလည်း မစ္စတာ ပူတင်က ထပ်လောင်း ပြောကြားသည်။
သို့ရာတွင် အမေရိကန်လွှတ်တော် အမတ်အချို့ကမူ ရုရှားနိုင်ငံ၌ ကျင်းပမည့် အိုလံပစ်အားကစားပွဲမှာ လုံခြုံမှုမရှိနိုင်ဟု ဝေဖန် သုံးသပ်ခဲ့ကြပြီး ထိုအားကစားပွဲသို့ တက်ရောက် မည်မဟုတ်ဟု ပြောကြားခဲ့ ကြသည်။

"ကျွန်တော် အဲဒီအားကစားပွဲကို မသွားပါဘူး။ ပြီးတော့ ကျွန်တော့်မိသားစု ကိုလည်း လွှတ်ဖြစ်မယ် မထင်ပါဘူး" ဟု အမေရိကန် အထက်လွှတ်တော်အမတ် တစ်ဦးဖြစ်သူ မစ္စတာကင်းက ပြောကြား ခဲ့သည်။




Sochi forces hunt for 3 potential suicide bombers

Police leaflets seen by an Associated Press reporter at a central Sochi hotel contain warnings about three potential female suicide bombers.
SOCHI, Russia — Russian security officials are hunting down three potential female suicide bombers, one of whom is believed to be in Sochi, where the Winter Olympics will begin next month.
Police leaflets seen by an Associated Press reporter at a central Sochi hotel on Tuesday contain warnings about three potential suicide bombers. A police letter said that one of them, Ruzanna Ibragimova, a 22-year-old widow of an Islamic militant, was at large in Sochi.
Russian authorities have blamed the so-called "black widows" of slain insurgents for previous suicide attacks in the country.

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...