Wednesday, January 22, 2014

Single သီချင်းသစ် Can’t Remember to Forget You ကို Shakira ကိုယ်တိုင်စပိန်ဘာသာစကားနဲ့ဆိုထားတဲ့ ‘Nunca Me Acuerdo de Olvidarte’



Shakira ဟာ Rihanna နဲ့အတူတွဲဖက်သီဆိုထာားတဲ့ single သီချင်း Can’t Remember to Forget You ကို စပိန်ဘာသာစကားနဲ့ပြန်လည်သီဆိုထားတဲ့ “Nunca Me Acuerdo de Olvidarte” သီချင်းကိုထုတ်လိုက်ပါတယ်။

ဒီ version အသစ်ကို ဇန်န၀ါရီလ ၂၁ ရက်နေ့မနက်မှာ digital download အဖြစ်နဲ့ဖြန့်ချီခဲ့တာဖြစ်ပြီး Shakira တစ်ယောက်ထဲသာသီဆိုထားတာဖြစ်ပါတယ်။ ဒီတစ်ပါတ်ရဲ့ Latin radio မှာအောင်မြင်မှုရအောင်မျှော်လင့်ထားပါတယ်။ Reggie စတိုင်လ်လွှမ်းမိုးပြီး tempo အသွက်သီချင်း version ဟာ Shakira ရဲ့ မတ်လ ၂၅ ရက်မှာထွက်ရှိမယ့် album အသစ်ထဲကဖြစ်ပါတယ်။ အဲဒီ့ album ဟာ သူမရဲ့ပထမဆုံး RCA Records နဲ့လုပ်တဲ့ album ဖြစ်ပြီး သူမရဲ့ ၂၀၀၉ ခုနှစ်က album ‘She Wolf’ နောက်ပိုင်းပထမဆုံး အင်္ဂလိပ်ဘာသာစကားနဲ့ဆိုတဲ့ album ဖြစ်ပါတယ်။

Rihanna နဲ့ဆိုထားတဲ့ အင်္ဂလိပ်ဘာသာနဲ့ version ကိုတော့ Pop radio မှာထုတ်လွှင့်ပြီးဖြစ်ပါတယ်။ ‘သူတို့ရဲ့အဆိုတွေက တစ်ယောက်နဲ့တစ်ယောက်လိုက်ဖက်ညီအောင်ပေါင်းစပ်နိုင်ပါတယ်။ ဒီသီချင်းမှာ ကောင်းမွန်တဲ့ tempo နဲ့ အမှတ်တရဖြစ်စရာချိတ်တစ်ခုရှိပါတယ်။ အဲဒီ့တော့ ဒီသီချင်းဟာ hit ဖြစ်ဖို့ အလားအလာ တော်တော်ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ pop radio ဌာနရဲ့အစီအစဉ်ဒါရိုက်တာ Milawaukee က Billboard ကိုပြောပါတယ်။

Ref:billboard

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...