Wednesday, January 22, 2014

ဂရမ်မီဆုပေးပွဲမှာ ပူးတွဲဖျော်ဖြေမယ့် Beyonce နဲ့ Madonna




၂၀၁၄ ခုနှစ် ဂရမ်မီဆုပေးပွဲကြီးကို ဇန်န၀ါရီလ (၂၆)ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ဒီပွဲအတွက် ဘီယွန်းစေးနဲ့ မက်ဒေါနားတို့က တွဲဖက်ပြီး အံ့သြဖွယ် သရုပ်ပြတင်ဆက်မှုများ ပြုလုပ်သွားနိုင်ဖွယ် ရှိတယ်လို့ သတင်းများအရ သိရှိရပါတယ်။

တေးဂီတလောကသမားတွေ စုဝေးတဲ့ ညကြီးလို့တောင်ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Macklemore နဲ့ Ryan Lewis တို့ကလည်း feature အနေနဲ့ ပါဝင်သရုပ်ပြပါမယ်။ ဒါ့အပြင် Taylor Swift , Daft Punk , Former Beatles Sir Paul McCartney နဲ့ Ringo Starr တို့ပါဝင်ကြမယ့်အပြင် နောက်ထပ် pop icons နှစ်ဦးကလည်း ပါဝင်ဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။

မက်ဒေါနားအနေနဲ့ အဲဒီညရဲ့ ပေါ်ပြူလာတစ်ဦးနဲ့ တွဲဖက်တင်ဆက်မယ့် အစီအစဉ်တွေ ပြုလုပ်နိုင်ဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။ ဂရမ်မီဆုပေးပွဲတွေကို နှစ်စဉ် ၀န်ဆောင်မှုပြုလုပ်ပေးနေတဲ့ Ken Ehrlich ကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး အတည်ပြုချက်လည်းမပေး ၊ ငြင်းဆိုခြင်းမျိုးလည်း မပြုလုပ်ခဲ့ပါဘူး။

“ဘီယွန်းစေးနဲ့အလုပ်တွဲလုပ်ရတာ တကယ်အံ့သြဖွယ်ကောင်းပါတယ်။ သူမဟာ အစဉ်အလာ ကြီးမားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ကလေးဘ၀ကတည်းက သူမကို ကျွန်တော်တို့ နှစ်သက်ခဲ့ရတာပါ။ သူမကိုအားလုံး မြင်ချင်ကြမယ်မှန်း သိပါတယ်။ ဒီနှစ်ရဲ့ပွဲမှာ သူမကိုစင်မြင့်ပေါ်မှာ မြင်တွေ့သင့်သလား? ။ အင်း- ဖြစ်နိုင်ဖွယ်အလားအလာတွေတော့ ရှိပါတယ်” ဆိုပြီးတော့ပဲ မတင်မကျ ပြောသွားပါတယ်။



Ref:starpulse

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...