Wednesday, January 22, 2014

အသက်နှစ်ဆယ်နောက်ပိုင်း ကြုံတွေ့နိုင်တဲ့ စိတ်ရှုပ်စရာ ရည်းစားဟောင်းများ



ဆယ်ကျော်သက်လေး မဟုတ်တော့တဲ့ အချိန်မှာ ဆယ်ကျော်သက်အရွယ်က အဆက်ဟောင်းနဲ့ အဖြစ်အပျက်လေးတွေဟာ ပြန်စဉ်းစားကြည့်ရင် ကိုယ့်အတွက် funny လေးတွေဖြစ်နေမှာပေါ့။ တစ်ခါ တစ်လေတော့လည်း ပျော်စရာမဖြစ်ပဲ စိတ်မပျက်နိုင်သေးတဲ့ ရည်းစားဟောင်းကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတာလေးတွေလည်း ရှိတတ်ပါတယ်။

ခပ်ရူးမိုက်မိုက် ရည်းစားဟောင်းလေးတွေ အကြောင်း သိထားမယ်ဆိုရင် သူတို့ပေးတတ်တဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ ဒုက္ခလေးတွေကို ရှောင်ရှားနိုင်တာပေါ့။

(၁) အမြဲတမ်း တွယ်ကပ်နေတတ်သူ

သင့်အနေနဲ့ သူမဘယ်လိုပုံစံရှိတယ်ဆိုတာတောင် မေ့နေလောက်ပြီဖြစ်ပေမယ့် သူမစိတ်ထဲမှာ သင်ရှိနေဆဲပါပဲတဲ့။ သင်တို့နှစ်ဦးရဲ့ တချိန်က အချစ်ကို ပြန်လည်အသက်သွင်းလိုတဲ့ သဘောမျိုးနဲ့ မက်ဆေ့တွေ ၊ ချစ်အယူခံစာတွေ တစ်ပုံတစ်ပင်ကို နှစ်ရက်ခြားတစ်ခါလောက် ပို့နေတတ်ပါတယ်။ ဒါတွေက သင့်ကိုတစ်စုံတစ်ရာ မထိခိုက်စေနိုင်ပေမယ့် စိတ်အနှောင့်အယှက်တော့ ဖြစ်ရမှာပါ။

(၂) အသွင်ပြောင်းတတ်သူ

သူမနဲ့တစ်ချိန်က အမှတ်မထင်နေခဲ့ဖူးပေမယ့် သင့်စိတ်ထဲမှာ မှတ်မှတ်ရရ ရှိမနေပါဘူး။ သူမဟာ အသိအမှတ်ပြုမခံခဲ့ရပါဘူး။ အဲ့အချိန်အပြီး နှစ်ဝက်လောက်အကြာမှာတော့ သင်ရှိရာကို တကယ့် မော်ဒယ် တစ်ယောက်အသွင်နဲ့ သူမရောက်လာတဲ့အခါ သင်ဟာ ပါးစပ်အဟောင်းသားနဲ့ပေါ့။ ဒါပေမယ့် ဒီတစ်ခါကတော့ သူမအလှည့်ဖြစ်သွားပါပြီ။ သင်ရဲ့ စိတ်ဝင်စားမှုကို လာရောက်ရယူပြီးတဲ့အခါမှာတော့ သူမကသင့်ကို အနိုင်ပိုင်းပြီး လှည့်ထွက်သွားခဲ့ပါပြီ။

(၃) သင့်ကို ခံစားစေလိုသူ

သင့်ဆီက လမ်းခွဲစကား ကြားရတဲ့အချိန်မှာ သူမအော်ငိုပါလိမ့်မယ်။ ငိုပြီးရင်း ငိုပါလိမ့်မယ်။ ညတွေမှာ လည်း အိပ်မရနိုင်ဖြစ်ပြီး စိတ္တဇဖြစ်နေတဲ့ သူမကိုကြည့်ပြီး သင့်ရဲ့ ရက်စက်မှုအတွက် ကိုယ့်ကိုယ်ကို ပြန်ပြီး အပြစ်နေမိပါလိမ့်မယ်။ အဲ့ဒီအချိန်မှာပဲ သူမဟာ အစွန်တစ်ဖက်ကို ၃၆၀ ဒီဂရီ လှည့်လိုက်ပါတော့တယ်။ မကြာပါဘူး ။ နောက်တစ်ပတ်လောက်လဲရောက်ရော သူမရဲ့ ဖေ့ဘုတ်မှာ မင်္ဂလာဆောင်ဖိတ်စာကို တွေ့ရတော့တာပါပဲ။

(၄) အရူးလိုသူ

သူမရဲ့အမုန်းတွေက သင့်ကို အဆိပ်သင့်စေနိုင်တယ်နော်။ သူမဘ၀မှာ ကြုံရတဲ့ အမှားတွေ အာလုံးအတွက်သင့်ကို အပြစ်တင်နေပါလိမ့်မယ်။ ပတ်ဝန်းကျင် အသိုင်းအ၀န်း ၊ သင်တို့နှစ်ဦးကြားက သူငယ်ချင်းတွေ ကိုရော သင့်ရဲ့ ရက်စက်မှုတွေကို မျက်ရည်လည်ရွဲနဲ့ စီကာပတ်ကုံး လိုက်ပြောပြနေ ပါလိမ့်မယ်။ ဒီအခါမှာ သင်ကတော့ လူကြမ်းကြီးဖြစ်ပြီပေါ့။

(၅) ကြုံတောင့်ကြုံခဲ သူ

ဒါလို ရည်းစားဟောင်းမျိုးကတော့ ရှာမှရှားပါ။ အများသိထားတာက သင်တို့နှစ်ဦးရဲ့ ခွာပြဲမှုက တဖြည်းဖြည်းတိုးလာနေတယ်လို့ပေါ့။ တကယ်တမ်း သင်တို့နှစ်ဦးကြား တိုးနေတာက အလွန်ရင်းနှီးလွန်းတဲ့ ဆက်ဆံရေးတွေပါပဲ။ သင့်ကို ဒီအရာနဲ့ဆွဲဆောင်ထားတဲ့ သူမဟာ သင့်ကိုဘယ်မှ ထွက်သွားခွင့်မပေးပါဘူး။ ဒီလိုနဲ့ပဲ နောက်ထပ်ချစ်ခြင်းတစ်ခု တည်ဆောက်လိုတဲ့ သင့်ကို သူမက တဖြည်းဖြည်းတိုက်စား သွားပါလိမ့်မယ်။

ဒီလို အရှုပ်လေးတွေ ဆယ်ကျော်သက်မှာ လုပ်မိခဲ့မယ်ဆိုရင် နှစ်ဆယ်နှစ်ရဲ့ နောက်ပိုင်းမှာတော့ ရှောင်ကျဉ်တတ်ဖို့လိုအပ်နေပါပြီ။ သင့်မှာ တကယ် ခံစားချက်မရှိတော့ရင်တောင် လက်ရှိ သင့်ရဲ့ တကယ့်ဘ၀ဖော်အစစ်ကိုပါ အထင်လွဲစရာတွေ ဖြစ်နိုင်တာကြောင့် ကြိုတင်လေ့လာပြီး ကိုင်တွယ်ဖြေရှင်း နိုင်စေရန် ဖော်ပြပေးလိုက်ရပါတယ်။



Ref:mensxp

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...