Tuesday, September 3, 2013

ABSDF (မြောက်ပိုင်း) ရဲ့ လက်နက်များ KIAမှ ပြန်သိမ်းပြီ


ABSDF (မြောက်ပိုင်း)ကို ၁၉၉၀ ခုနှစ်က နော်ရာပါမှာ စတင်ဖွင့်လှစ်ခဲ့ပြီး KIA နှင့် အတူ တပ်မဟာ(၃) ဌာနချုပ်ဟောင်း လွယ်လုံဘွမ်စခန်း၊ ဂဂျန်ဘွမ်စခန်း တိုက်ပွဲတွေမှာ တိုက်ပွဲဝင်ခဲ့ပီး ABSDF တပ်ဖွဲ့ဝင်များစွာ ကျဆုံးခဲ့ကြတယ်။ ၂၀၁၁-၂၀၁၂ ခုနှစ် ကလည်း ထုံးဘို၊ တာပိန်၊ လဂျားယန်တိုက်ပွဲတွေမှာ KIA ရဲ့ အသုံးချခံခဲ့ရပီး ရှေ့ဆုံးမှာဘဲ အခြားတိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရတပ်ကို ရင်ဆိုင်စေခြင်း ခံခဲ့ရတယ်။ ကျောင်းသား အချင်းချင်း သွေးခွဲပြီး လူသတ်မှုများဖြင့် အာဏာရှင်လုပ်၊ အသေခံခိုင်း၊ လဂျားယန်၊ ပွိုင့်-၁၀၁၂ တိုက်ပွဲတွေမှာ ခြေထိပ်/လက်ထိပ်ခတ်ပီး မူးယစ်ဆေးနဲ့ ရေနွေကြမ်း လက်ဖက် ခြောက်၊ ကျကျပေးပီး အသေခံခိုင်းတဲ့ ABSDF မြောက်ပိုင်းကို အခုမလိုအပ်တော့တဲ့အချိန်၊ မယုံကြည်လာတော့တဲ့အချိန်၊ အရင်ကအသေခံ၊ အသက်စွန့်ပြီး ရှေ့တန်းမှာခိုင်းစားထားတဲ့ ကျေးဇူးကိုမထောက်ဘဲ အခုချိန်ကျမှ လိုင်ဇာမှာ လက်နက်သိမ်းဖို့လုပ်လာတယ်။


ကျန်တဲ့ ရခိုင်၊ ဂေါ်ရခါး၊ ရှမ်း၊ ပလောင်၊ လီဆူး တိုင်းရင်းသားများလည်း သတိထား ကြပါ။ ဂျိန်းဖော/အဇီးကလွဲရင် ကျန်လူမျိုးတွေကို သူတို့မလိုရင်ဖြုတ်၊ ထုတ်၊ သတ်မည့် အကြောင်း ဖြစ်စဉ်တွေကဖော်ပြနေတယ်၊ ကိုယ့်အသက်နှင့်အချိန်ကို နှမြောရင် ကိုယ့်လွတ် မြောက်လမ်း ကိုယ်လျောက်ကြဖို့ စေတနာမှန်နဲ့ ပြောပြလိုက်ရပါတယ်။

Aung Lin


0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...