Tuesday, September 3, 2013

နေပြည်တော် ရှိ တောင်ပေါ် ကျေးရွာတွေမှာ နေရောင်ခြည် စွမ်းအင်သုံး အိမ်သုံး LED မီးလုံးများအသုံးပြုနိုင်ပြီ

နေပြည်တော် ရှိ တောင်ပေါ် ကျေးရွာ ...များသို့  နေရောင်ခြည် စွမ်းအင်သုံး အိမ်သုံး LED မီးလုံးများ ပေးအပ် လှူဒါန်း …...

နေပြည်တော် စက်တင်ဘာ ၁
နေပြည်တော် ဇေယျာသီရိမြို့နယ် အရှေ့ဘက်ခြမ်း တောင်ပေါ်ဒေသရှိ ကျောက်ဖျာ ကျေးရွာနှင့် ရွာသစ်ကုန်း ကျေးရွာ များရှိ အိမ်ထောင်စု ဝင်များအတွက် နေရောင်ခြည် စွမ်းအင်သုံး အိမ်သုံး LED မီးလုံးများ ထောက်ပံ့ ပေးအပ်ပွဲကို တောင်ပေါ် ကျောက်ဖျာ ကျေးရွာ၌ သြဂုတ် ၃၁ ရက် နံနက်ပိုင်း က ကျင်းပပြုလုပ်ရာ  နေပြည်တော်  တိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေးနှင့်  တာဝန်ရှိသူများ တက်ရောက်၍  ကျောက်ဖျာကျေးရွာ အိမ်ထောင်စု ၉၈ စုအတွက် LED မီးလုံး ၁ဝဝ၊ ရွာသစ်ကုန်းကျေးရွာအိမ် ထောင်စု ၉၇ စုအတွက် LED မီးလုံး ၁ဝဝ တို့အား  ထောက်ပံ့ ပေးအပ် ရာ ကျေးရွာ ရပ်မိ၊ ရပ်ဖများက လက်ခံရယူပြီး ကျေးဇူးတင် စကားများ ပြန်လည် ပြောကြားသည်။
ထို့နောက် ကျောက်ဖျာ ကျေးရွာနှင့် ရွာသစ်ကုန်း ကျေးရွာများမှ ဒေသခံပြည် သူများအား နယ်လှည့် ဆေးကုသရေး အဖွဲ့မှ ကျန်းမာရေး စောင့်ရှောက် ပေးနေမှုများကို တိုင်းမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှု အားပေးခဲ့ကြောင်း သတင်း ရရှိသည်။          
   

မြဝတီ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...