Tuesday, September 3, 2013

မန္တလေး ဈေးကွက်တွင် တရုတ်ပြည်မမှကုန်သည်များ ကိုယ်တိုင်လာရောက် ၀ယ်ယူမှုကြောင့် ကျောက်စိမ်းဈေးများ အဆမတန် မြင့်တက်နေ


Tuesday, September 3, 2013

မန္တလေး ဈေးကွက်တွင် တရုတ်ပြည်မမှ ကုန်သည်များ ကိုယ်တိုင်
လာရောက် ၀ယ်ယူမှုကြောင့် ကျောက်စိမ်းဈေးများ အဆမတန် မြင့်
တက်နေကြောင်း သိရသည်။

''တရုတ်ပြည်မထဲက ကုန်သည်တွေ ကိုယ်တိုင် မန္တလေး ဆင်းဝယ်နေတဲ့ အတွက် မြန်မာကုန်သည်တွေ နယ်စပ်မှာ ဈေးမရတော့ဘူး။ အဲတော့ မန္တလေးကို ပြန်သယ်လာပြီး ရောင်းတာ။ တချို့လည်း အရင်း၊ မြတ်တဲ့
သူလည်း မြတ်တာပေါ့။ တချို့ကုန်သည်တွေ ကျလည်း သယ်ယူစရိတ် မတတ်နိုင်လို့ ရွှေလီမှာတင် သောင်တင်နေတာ။ အရှုံးခံပြီးလည်း မရောင်းနိုင် ကျောက်ထဲ ငွေအောင်းနေတော့ ကျောက်ဈေးသာ မြောက်နေတာ ငုတ်တုတ် ထိုင်နေရတာလည်း ရှိတယ်'' ဟု ရွှေလီ(နယ်စပ်) သို့ တင်ပို့နေသည့် ဦးလင်းက ဆိုသည်။

''ကိုယ့်ပြည်တွင်းထွက် ပစ္စည်းကို လက်ကုန်နှိုက် လာဝယ်နေတော့ မြန်မာ
ကုန်သည်တွေ ဘယ်လိုမှ ဈေးမယှဉ်သာတော့ဘူး။ သူတို့တွေရဲ့ နယ်စပ်(တရုတ်) သယ်ယူမှု လမ်းကြောင်းကို ကြည့်ရင်လည်း လက်တစ်လုံးခြားနဲ့ သယ်နေတာ ကျောက်တစ်လောကလုံး သိတယ်။ တရားဝင် အခွန်ဆောင်ပြီး သယ်ခွင့်ပြုထားတာ စီ၊ ဒီ အဆင့် ကျောက်တွေ
ပါ။ ဒါပေမဲ့ အေ၊ ဘီ အဆင့် ကျောက်တွေလည်း သယ်နေတာပဲ။ မန္တလေးမှာ အမြဲတမ်းနေတဲ့ တရုတ်တွေနဲ့ ရောနေတော့ ထိထိရောက်ရောက်
မလုပ်နိုင်ဘူး။ တရုတ်ကုန်သည်တွေ ၀င်ရောက်မှုကို မစိစစ် နိုင်သေးသ
မျှတော့ ပြည်တွင်း ကုန်သည်တွေက တရုတ်အကျန်ဈေးပဲ ရနေဦးမှာ'' ဟု ဆက်လက် ပြောကြားသည်။

လတ်တလော ဈေးကွက်တွင် ကျောက်စိမ်း အရိုင်းတုံးများ စိတ်ဝင်စား ၀ယ်ယူမှု ပိုမိုများနေကာ ကျောက်စိမ်း လက်ကောက်ဈေးငြိမ်ကာ အရောင်းဝယ် ကောင်းနေကြောင်း၊ နယ်စပ်သို့ တင်ပို့ရာတွင် လွှာချပ်၊
ကျောက်စိမ်းတုံး တင်ပို့မှု အားကောင်းနေကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...