Tuesday, September 3, 2013

Real Madrid ကဈေးအကြီးဆုံး ဘောလုံးသမားကို ပရိသတ်နဲ့ မိတ်ဆက်ပေး




Tuesday, September 03, 2013

ကမ္ဘာ့ဈေးအကြီးဆုံး ဘောလုံးသမား Gareth Bale ကို Real Madrid ဘောလုံးအသင်းက သူ့ရဲ့ ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်ပြီလို့ သိရပါတယ်။

အသက် ၂၄ နှစ်အရွယ် Gareth Bale ဟာ Tottenham Hotspur အသင်းမှာ တောင်ပံကစားသမားအဖြစ် ကစားခဲ့တာဖြစ်ပြီး Real Madrid အသင်းမှာ ကစားဖို့ ဒေါ်လာ သန်း ၁၄၀ ကျော် ရရှိခဲ့တဲ့အတွက် ခုအခါမှာ Real Madrid အသင်းမှာ ကစားတော့မှာ ဖြစ်ပါတယ်။

သူ့အနေနဲ့ ဒီလို နာမည်ကြီးလှတဲ့ ဘောလုံးအသင်းနဲ့ ကစားခွင့်ရတာ အိပ်မက်ကို အကောင် အထည် ဖော်ခွင့် ရသလို ဖြစ်တဲ့အကြောင်း၊ Real Madrid အသင်း အောင်နိုင်မှုမှာ အားပေး အားမြောက် ပြုနိုင်ဖို့ မျော်လင့်ကြောင်းနဲ့ ဥရောပ ဖလားပွဲမှာ အသင်းအနေနဲ့ ဆယ်ကြိမ်မြောက် အနိုင်ရဖို့ မျော်လင့်ကြောင်း ပရိသတ်တွေနဲ့ တွေ့ဆုံမိတ်ဆက်ပွဲမှာ Gareth Bale က ပြောလိုက်ပါတယ်။

ABC Radio Australia

ကမ္ဘာ့ဈေးနှုန်းအမြင့်ဆုံး ဘောလုံးသမား Gareth Bale

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...