တန်ဖိုးနည်းဖုန်းတွေကိုသာ ထုတ်တဲ့ ZTE ယခုလည်း အသစ်ထပ်မံမိတ်ဆက်
လိုက်တာက Blade V ဆိုတဲ့ စမတ်ဖုန်းအမျိုးအစားပါ။ယခင်ထွက်ရှိပြီးဖြစ်တဲ့
ZTE Open ထက်ဈေးနှုန်းအရကော စွမ်းဆောင်ရည်ပါ တက်လာတယ်လို့
ဆိုရမှာပါ။
1.2GHz quad-core Qualcomm processor နှင့် RAM 1GB အသုံးပြုထား
ပြီး Android Version 4.1 Jelly Bean အထိအသုံးပြုထားပါတယ်။internal
memory 4GB အထိအသုံးပြုထားပြီး 32GB အထိအပိုထည့်သွင်းအသုံးပြု
လို့ရပါတယ်။မျက်နှာပြင်အရွယ်အစား ၄ လက်မ၊800x480 ပေါ်မှာအလုပ်
လုပ်မယ့် စမတ်ဖုန်းအမျိုးအစားပါ။
ကင်မရာ စွမ်းဆောင်ရည် 5MP အထိတိုးမြင့်ထားပြီး ဖြန့်ချိဈေးနှုန်း အင်္ဂလန်
စတာလင်ပေါင် ၈၉.၉၉ ပေါင်ဝန်းကျင်နဲ့ရောင်းချပေးမှာဖြစ်တယ်လို့
ဆိုပါတယ်။
Ref:Stuff UK
Khun Nay(August Myanmar Media Group)
0 comments:
Post a Comment