Tuesday, September 3, 2013

Nokia လည်း ကားလမ်းပြစနစ် နည်းပညာ လောကဝင်ဖို့ ပြင်ဆင်




ဖင်လန်နိုင်ငံအခြေဆိုက်တဲ့ Nokia ကုမ္မဏီဟာ Here လို့အမည်ရတဲ့ စမတ်ဖုန်း သုံး လမ်းပြ မြေပုံ စနစ် App ကို ထုတ်လုပ်ဖြန့်ချိခဲ့ ရာ အောင်မြင် တဲ့အနေအထား တစ်ခုမှာ ရှိပါတယ်။ ယခု နောက်ထပ် ခြေလှမ်းသစ်တစ်ခု အနေနဲ့ မော်တော်ယာဉ်တွေမှာ အသုံးပြုနိုင်မယ့် App ကို ထုတ်လုပ်နိုင်ရန် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။

ဒီတော့ လိုအပ်တဲ့ ပုံရိပ်တွေကို Nokia တို့ အစအဆုံးပြန်လည် ပြုလုပ် ရမှာပါ။ Map App တစ်ခုထွက်ဖို့အတွက် Satellite တစ်ခုတည်းကိုပဲ အသုံးပြုလို့မရပါဘူး။ Satellite က Raw Data Map သာ ပေးစွမ်းနိုင်ပြီး တကယ် အသေးစိတ်ကျတဲ့ လမ်းမျိုးကျ Service ပေးချင်တဲ့ ကုမ္မဏီတွေက အစအဆုံးပြန်လုပ်ယူရပါတယ်။ ဥပမာ Google ဆိုရင် Street View ရဖို့အတွက် ဓာတ်ပုံဆရာများနဲ့ ကိုယ်တိုင် ကိုယ်ကျ သွားရိုက် ရပါတယ်။ Underwater view ရဖို့အတွက် တကယ်ရေအောက်တွေထဲထိ သွားလို့အပင်ပန်းခံပြီး သန္တာကျောက်တန်း ပုံတွေကို ရိုက်ကူးယူပါတယ်။

ယခုလည်း Nokia က ယင်းကဲ့သို့ ပြုလုပ်ပေးမှာပါ။ ၎င်းတို့ Service ပေးချင်တဲ့ နိုင်ငံနဲ့ Location အလိုက် လိုအပ်တဲ့ ကားလမ်းနဲ့ ဆက်သွယ်ရေး လမ်းကြောင်းမှန်သမျှကို ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်ကူးယူရမှာ ဖြစ်ပါတယ်။ ဒီအတွက် Nokia ဟာ သေချာပြင်ဆင်ပြီး ကား Cloud Based Mapping Service တစ်ခု ပြုလုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref:autoblog
ColayAutomobile

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...