ဟိုတစ်နေ့က ပြည်ပအသံလွှင့်ဌာနတစ်ခုနဲ့ မိတ္ထီလာမြို့နယ် ရဲ့ ပြည်သူ့လွှတ်တော် အမတ် လည်းဖြစ်.... .NLD ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးလည်းဖြစ်သူ " ဦးဝင်းထိန်" တို့ရဲ့ အင်တာဗျူးစကားတွေကို ကြားလိုက်မိပါတယ်။
မိတ္ထီလာဒေသခံတွေ က ကင်တားနား ကို ဆန္ဒပြကြတဲ့ ကိစ္စနဲ့ ပတ်သက်လို့ မေးကြ ဖြေကြ တာပါ။
ကင်းတားနား အကြမ်းဖက်ခံရတာ ဟာ ဟုတ်ကြောင်း ဖြေကြားသွားပါတယ်။
ဆန္ဒပြတဲ့ ဖြစ်စဉ်ကို ခပ်ကြမ်းကြမ်းပုံဖော်ကြည့်မ
ဟို ကင်တားနား ဆိုတာကလည်း လုံခြုံတဲ့ လမ်းတွေပေါ် ကျော့ကျော့လေးေ လျှာက်ခဲ့တဲ့ ရွှေမင်းသား...။
မိတ္ထီလာမှာ အခုလို ကြုံလိုက် ရတော့ ထိတ်လန့်သွားမယ်...လိုတာထက်
ဒါကို ဦးဝင်းထိန်က မတွေးနိုင်...မမြင်နိုင်ပဲ အကြမ်းဖက်ခံရတာ ဟုတ်ပါတယ်တွေ ဘာတွေ အတည်ပေါက် လာလုပ်နေပါတယ်။
အဆိုးဆုံးကတော့ အခုလို အကြမ်းဖက်ဆန္ဒပြသူတွေဟာ ၉၆၉ တွေပါလို့ မိုက်မိုက်ကန်းကန်း စွပ်စွဲလိုက်တာပါပဲ။ ၉၆၉ လို့ တံဆိပ်ကပ်တာ ဟာ ဦးဝင်းထိန် က ပထမ ဆုံး နဲ့ တစ်ဦးတည်း ပါ။ ဘယ်ပုဂ္ဂိုလ် ...ဘယ် အဖွဲ့အစည်းက မှ ဒီလို နာမည်တပ်ပြီး မပြောပါဘူး။
တိကျ ခိုင်မာ နဲ့ သက်သေ..အချက်အလက် ဘာမှ မရှိပဲ အခုလို အာချောင်တာကို ကြည့်ပြီး ဒီ နိုင်ငံရေးသမားရဲ့ စိတ်အခံ နဲ့ နိုင်ငံရေး ရေချိန်ဟာ အတော့်ကို မေးခွန်းထုတ်စရာ ကောင်းပါ တယ်။
တကယ်တော့် ဒီ ၉၆၉ တို့ ...မျိုးစောင့်ဥပဒေ တို့ နဲ့ပတ်သက်ရင် ဒေါ်စုလို ဧရာမ ပုဂ္ဂိုလ်ကြီးတောင် ထိန်းထိန်းသိမ်းသိမ်...သတိရ
ဒီမိုကရေစီယဉ်ကျေးမှုတို့ ...ဘာတို့ ဆိုတာ ဒီ အမတ် ရဲ့ စကားတွေမှာ မတွေ့မိပါဘူး။ အကြောင်းအမျိုးမျိုးကြောင့်
ဆရာကြီးဒဂုန်တာရာ ရဲ့ စကားနဲ့ ပြောမယ်ဆိုရင် နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ် အောင် လုပ်ရတာပါ။ ကိုယ်နဲ့ အမြင်မတူတဲ့ ဆန့်ကျင်ဖက်အင်အားစုကို မေတ္တာ ထားရ မယ်....သဘောထားကြီး ရပါမယ်...။ အစွဲကင်းကင်း နဲ့ ကြည့်မှ ပြသနာရဲ့ အဖြေကို ရှာနိုင်မယ်ဆို တာ ဦးဝင်းထိန် သတိထားမိပုံမပေါ်ဘူး။
ကိုယ်နဲ့ အမြင်မတူသူတွေအပေါ် ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေနဲ့ ...မျက်မှန်စိမ်းတပ်ပြီး ဦးဝင်းထိန်က ကြည့်ခဲ့တယ်။
ဦးဝင်းထိန် ဟာ သူရောက်နေတဲ့ လွှတ်တော်ထိုင်ခုံနေရာနဲ့ ပါတီရဲ့ CEC ဆိုတဲ့ နေရာတွေကို( ဒေါသရှေ့ထားလို့ )မေ့ပြီး...လမ်းပေါ်က လူလို ရမ်းကား နေတာ လားရယ်လို့ ဖော့ပြီးတွေးမိပါသေးတယ်။
ဘာပဲဖြစ်ဖြစ် သူ့ရဲ့ အဖြေစကားတွေ ဟာ ပါတီရဲ့ ကောင်းခြင်း ဆိုးခြင်း နဲ့တော့ တိုက်ရိုက်ဖြစ်စေ ...သွယ်ဝိုက်လို့ ဖြစ်စေ သက်ဆိုင်နေတယ် ဆိုတာကတော့ ဘယ်သူမှ မငြင်းနိုင်ပါဘူး.။
အများပြောကြသလို ခေတ်ပျက်နိုင်ငံရေးသမားဖြစ်
0 comments:
Post a Comment