Tuesday, September 3, 2013

အင်တာနက်မယ် နန်းခင်ဇေယျာနှင့် ယဉ်ကျေးမှု နောက်ဆက်တွဲ


From : http://www.oppositeyes.info/2012/10/blog-post_5644.html

အပွင့်လင်းဆုံး ၀န်ခံရရင် နန်းခင်ဇေယျာကို ကိုစေတန် ဆိုဒ်ထဲက ဓာတ်ပုံတွေမှာ ပထမ ဆုံး တွေ့ဖူးတာပါ။ မြန်မာနိုင်ငံမှာက မော်ဒယ်တွေရဲ့ ပြိုင်ပွဲတွေက အမြဲလုပ်နေတာဆိုတော့ ဘယ်သူ ဘာဆု ရတယ်ဆိုတာက လူအတော်များများအတွက် သက်ရောက်မှု မရှိပါဘူး။ ဒီလိုနဲ့ အင်တာနက် စာမျက်နှာပေါ်မှာ အပေါ်တစ်ကွက်၊ အောက်တစ်ကွက်သာ ဖုံးထားတဲ့ ပုံနဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုပြိုင် မယ့် နန်းခင်ဇေယျာဆိုပြီး ပုံတွေထွက်လာတယ်။ တရားဝင်ပြိုင်တာဆိုတော့ တရားဝင်ဖြန့်လို့ရပြီဆိုပြီး အရင်မင်းသမီးတွေထက်တောင် ပိုမြန်ပြီးဆိုဒ်ပေါင်းစုံ နေရာပေါင်းစုံကို ရောက်သွားတာကို တွေ့ရပါတယ်။
 
အင်တာနက်မယ် ပြိုင်ပွဲမ၀င်မှီ နန်းခင်ဇေယျာ ပုံရိပ်များ
တစ်ညနေမှာ အဲဒီပုံလေးတွေ ကြည့်နေတုန်း ညီလေးတစ်ယောက် အစ်ကိုကြီး။ ဟိုဆိုဒ် ပုံတွေ ဒေါင်း လုပ်ချနေတာလား ဆိုတော့ မဟုတ်ဘူး ညီလေးရ။ ဒါမြန်မာနိုင်ငံရဲ့ တရားဝင်မယ် ဆိုပြီး ဖြေလိုက် မိတာ ကစပြီး ငါတို့နိုင်ငံမှာ ဒါမျိုးတရားဝင် သွားပြီ လား ဆိုတာ တွေးမိတာနဲ့ နန်းခင်ဇေယျာနဲ့ ယဉ်ကျေးမှု တိုက်ပွဲအစ ဆိုပြီး ရေးလိုက်တယ်။ 
 
မြန်မာလူမျိုးတွေဟာ အရမ်းကို စိတ်သဘောထားကောင်းမွန်ပါတယ်။ တစ်နေ့ထက်တစ်နေ့ နန်းခင်ဇေ ယျာ အတွက် ကြိုးစားေ ပးလိုက်ကြတာတွေ့ရတော့ ယဉ်ကျေးမှု ဆိုတာေ တွတောင် မေ့ပြီး ကိုယ်ကို တိုင် လည်း ၀င်ပြီး ကလစ်မိ တာပါပဲ။ နန်းခင်ဇေယျြာ ပိုင်နေတဲ့ တစ်ချိန် တည်းမှာပဲ ကချင်ပြည်နယ် မှာ စစ်ပွဲတွေ ဖြစ်နေတယ်။ ရှမ်းပြည်နယ် မှာလဲ တိုက်ပွဲတွေ ဖြစ်နေတယ်။ ရခိုင်မှာ ဘင်္ဂလီပြဿနာ တက်နေ တယ်။ OIC ကိစ္စတွေနဲ့ တစ်နိုင်ငံလုံး လှုပ်ရှားမှုတွေ ဖြစ်နေကြတော့ ကျွန်တော်တို့လဲ အဲဒါတွေကိုပဲ အဓိက ထား ၊ သတင်းတွေ ရှာဖတ်၊ ဆိုဒ်မှာ လာတင်ကြဆိုပြီး လုပ်ကြတယ်။
 
မကြာခင်မှာ နန်းခင်ဇေယျာရဲ့ ပြိုင်ပွဲပြီးတော့မယ်။ အင်တာနက်မယ်ဆုကိုတော့ သူမရ မှာ သေ ချာနေ ပါပြီ။ နောက် ထပ် လူကြိုက် များတာ တို့ ဘာတို့ ပေးရင်လည်း ရအုံးမှာပါပဲ။ ဒီအခါမှာ ကျွန်တော်က နန်းခင်ဇေယျာရဲ့ အရည်အချင်းကို စဉ်းစားမိတယ်။(ယဉ်ကျေးမှုနဲ့မြန်မာစိတ်ဓာတ်ကို အခြေ ခံပြီး ရေးတာ လို့ ကြိုပြော အုံးမယ်)။
ဒီပြိုင်ပွဲမှာ သူမ အားထည့်ရတာ ဘာရှိလို့လဲ။ အင်တာနက်မှာ ပေါ်ပြူလာဖြစ်တဲ့ လူနှစ်ယောက် သုံးယောက်လောက်ကို စည်းရုံးပြီး ကလစ်နှိပ်ဖို့ ကြော်ငြာခိုင်းရုံနဲ့ အင်တာနက်မယ် ဖြစ်တာပဲ မဟုတ် လား။ နည်းလမ်းမျိုးစုံတွေနဲ့ ကလစ်ပေးကြတယ်။ သူမကတော့ တစ်နေရာပြီး တစ်နေရာ ခရီးထွက်နေတဲ့ အကြောင်း၊ အားပေးတာကို ကျေးဇူးတင်တဲ့အကြောင်းစာလေးတွေ ပို့ပေးပေါ့။ သူမနေရာမှာ သူမလိုမျိုး ချွတ်ရဲတဲ့ မိန်းကလေးတစ်ယောက်ရှိတယ်ဆိုရင်ကော ဒီဆုက ရမှာပဲ မဟုတ်လား။ စသွားကထဲကလဲ ဒီဆုကို ပဲ ရနိုင်တယ်လို့ သူမကိုယ်တိုင်ပဲ ပြောခဲ့တာပါ။
 တရားဝင်နေရာယူလာသည့် မြန်မာအရောင်းမီဒီယာများ
 
နန်းခင်ဇေယျာနဲ့ပတ်သက်တဲ့  အမြင်အမျိုးမျိုး ရှိကြပါတယ်။ ဘင်္ဂလီဆန့် ကျင်ရေးဆိုဒ်တွေ၊ ဂရုတွေမှာ ဆိုရင် သူမပုံ တင်ရင် ပက်ပက်စက်စက်အပြောခံရတာတွေလည်းရှိတယ်။ OIC ကို ကန့်ကွက်မဲနဲ့ နန်းခင်ဇေယျာ ကို ဆုရဖို့ ထောက်ခံမဲ (ကလစ်တွေကို ပြောတာပါ) ကွာခြားချက်တွေနဲ့ စိတ်တိုသူတွေလဲ ရှိတယ်။ သူငယ်ချင်း တစ်ယောက်ကဆိုရင် တစ်ခြား မြန်မာအမျိုးသမီးတစ်ယောက်ကို အဲလိုဝတ်ခိုင်းပြီး OIC မဲ ဆွယ် ရမလို ဖြစ်နေပြီလို့ တောင် ပြောခဲ့သေးတယ်။ ဒါတွေကတော့ ပြီးခဲ့ပါပြီ။ အခု သူမရဲ့ပုံတွေ ဂျာနယ်တွေမှာ ပါလာပြီ။ အရင်တုန်းက  အရက်ကြော်ငြာ၊ ဆေးလိပ်ကြော်ငြာတွေမှာသာ ဒီလိုပုံေ တွ မြင်ရပေမယ့် အခုတော့ လွယ်လွယ်ကူကူပဲ မြင်တွေ့နေရပါပြီ။
 
မြန်မာတို့ရဲ့ မြန်မာမီဒီယာနဲ့ မြန်မာတို့ရဲ့ မြန်မာကြော်ငြာ
 
မိန်းကလေးတွေ အတို၊အပြတ်လေးတွေ ၀တ်ကြတယ်။ ကိုယ်တို့ကတော့ ပတ်ဝန်းကျင်မှာ ထမီ၊ရင်ဖုံးတွေ ပဲ မြင်တာ ကြာတော့ အမြင်တစ်မျိုးဖြစ်နိုင်ပါတယ်။ခေတ်နဲ့အညီ၊ ရာသီဥတုနဲ့ အညီဆို ရင် ဒေါ်အောင် ဆန်း စုကြည် နိုင်ငံတကာ သွားတာ စကတ်ဝတ်ပြီးသွားမှာပေါ့လို့ ခပ်ညစ်ညစ်ပြောလဲ ရပါတယ်။ ကလေး သရုပ်ဆောင် ယွန်းယွန်းလဲ ဂျပန်မှာ ကိုယ်စားပြုပြီး ပြိုင်တာပါ။ တစ်ခြား တစ်ခြား ပြိုင်စရာတွေ အများကြီး ရှိ ပါတယ်။ အခုတော့ ကျွန်တော်တို့ ဒီပြိုင်ပွဲကနေ ရလဒ်တွေ ထွက်လာပါ တယ်။ သူမ အင်တာနက်မယ် ဆုရ တယ်။ (သူမဟာ မယ်မြန်မာ မဟုတ်ပါဘူး။ အင်တာနက်မယ် မယ်နိုင်ငံ တကာ ပါ)။ ဒီဆုကို ရဖို့ သူမရဲ့ အရှက်ကို ပေးဆပ်လိုက်ရပြီးပါပြီ။ ဂျာနယ်တွေမှာ အပြိုင်အဆိုင်နဲ့ အဲဒီပုံတွေ ပါ လာတော့မယ် ။ နောက်အပတ် ဂျာနယ်တိုင်း ဂျာနယ်တိုင်းမှာ အဲလိုပုံတွေ မျက်နှာဖုံး မှာ ဖြစ်လာတော့ မယ်။ နောက်ဆို ကြယ်နှစ်ပွင့် နဲ့ ဖုံးတဲ့ ဂျာနယ်တွေ ဖြစ်လာကြ ပါတော့မယ်။ ယဉ်ကျေးမှုကို ကလစ်နှိပ်ပေးတဲ့ဆုတစ်ဆုနဲ့ လဲလိုက်ရသလိုပါပဲ။ ။ (မကြာခင် မြင်တွေ့၇တော့မယ့် တရားဝင်ပုံများ)
 
 Myanmar Express

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...