Tuesday, September 3, 2013

BOT စနစ်ဖြင့် လမ်းအသုံးပြုခ ကောက်ခံခွင့် ရယူထားပြီး လုပ်ငန်းဆောင် ရွက်မှု အားနည်းပါက ဘုတ်အဖွဲ့ဖြင့် စစ်ဆေးပြီး လမ်းကိုပြန်လည် သိမ်းခြင်းပြုလုပ်မည်


Tuesday, September 3, 2013

BOT စနစ်ဖြင့် လမ်းအသုံးပြုခ ကောက်ခံခွင့် ရယူထားပြီး လုပ်ငန်းဆောင်
ရွက်မှု အားနည်းပါက လမ်းကိုဘုတ်အဖွဲ့ဖြင့် စစ်ဆေးပြီး သတ်မှတ်ရက်
အတွင်း ကောင်းအောင် လုပ်ရန်နှင့် ကောင်းအောင် မလုပ်နိုင်ပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ကာ လမ်းကိုပြန်လည်သိမ်းခြင်း၊ ကုမ္ပဏီအသစ်အား ထပ်မံချပေးခြင်းများ ဆောင်ရွက်မည် ဖြစ်ကြောင်း
ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

ဆောက်လုပ်ရေး ၀န်ကြီးဌာန အနေဖြင့် BOT စနစ်ဖြင့် လမ်းအသုံးပြုခ
ကောက်ခံလိုသည့် နိုင်ငံသား ပုဂ္ဂလိက လုပ်ငန်းရှင်(ကုမ္ပဏီ)များ၏
လျောက်လွှာတွင် ပူးတွဲဖော်ပြရမည့် အချက်နှင့် လိုက်နာရမည့် အချက်
၂၄ ချက်ကို ထုတ်ပြန်ထားကြောင်း သိရသည်။

BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများ အနေဖြင့် ဆောက်လုပ်ရေး ၀န်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီ၏ ခွင့်ပြုချက်ရရှိပြီး ခုနစ်ရက်အတွင်း လုပ်ငန်းခွင်သို့ စတင်ဝင်ရောက် ရမည်ဖြစ်ပြီး နှစ်ပတ်အတွင်း ကုမ္ပဏီ
ဆိုင်းဘုတ် တပ်ဆင်ရမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင်ဆောက်လုပ်ရေး ၀န်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီ၏ ခွင့်ပြုချက်ရရှိပြီး သုံးလအတွင်း BOT အဆိုပြုလွှာအား သက်ဆိုင်ရာ ၀န်ကြီးဌာနများ၊ စိစစ်ရေး အဖွဲ့များသို့ တင်ပြရမည် ဖြစ်ကြောင်း သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး ၀န်ကြီးချုပ်များမှ ဆက်လက် တာဝန်ပေးရန် မသင့်ကြောင်း အကြောင်းလာပါက အဆိုပါလမ်းအား ဘုတ်အဖွဲ့ဖြင့် စစ်ဆေးပြီး ပြန်လည်သိမ်းခြင်းတို့ကို ဆောင်ရွက်ကာ ကုမ္ပဏီအသစ်အား ထပ်မံချပေးခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

တာဝန်ယူထားသည့် လမ်းမိုင်သည် ရှည်နေပြီး လုပ်ငန်းလုပ်ရာတွင် မနိုင်မနင်း ဖြစ်နေပါက တာဝန်ယူထားသော လမ်းကို ပြန်လည် အပ်နှံရန်နှင့် ၎င်းအပ်နှံလမ်းပိုင်းကို အခြားအသစ် လျှောက်လာသော ကုမ္ပဏီအား လုပ်ကိုင်ခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းလုပ်ကိုင်ခွင့်ရ ကုမ္ပဏီများ အနေဖြင့် BOT စနစ်ဖြင့် လုပ်ငန်း
လုပ်ကိုင်ခွင့် လျှောက်ထားရာ၌ ကုမ္ပဏီ၏ ဒါရိုက်တာများ စာရင်း၊ အစုရှယ်ယာ၊ ဘဏ်စုဆောင်းငွေနှင့် ရင်းနှီးမြှုပ်နှံနိုင်မည့် ငွေကြေးပမာဏ၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းပိုင်ဆိုင်မှုနှင့် တန်ဖိုး၊ ဆောင်ရွက်လျက်
ရှိသော အခြားစီးပွားရေး လုပ်ငန်းများ စသည်တို့ကိုလည်း ဆောက်လုပ်ရေး ၀န်ကြီးဌာနသို့ တင်ပြရမည် ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...