Tuesday, September 3, 2013

သမ၀ါယမ ကောလိပ်များတွင် ဒီပလိုမာ သင်တန်းများ တက်ရောက် အောင်မြင်ပြီးသူများ သမ၀ါယမ တက္ကသိုလ်များသို့ တက်ရောက်နိုင်


Tuesday, September 3, 2013

သမ၀ါယမ ၀န်ကြီးဌာန၊ သမ၀ါယမ ဦးစီးဌာန အောက်တွင်ရှိသော သမ၀ါယမ ကောလိပ်များတွင် သင်ကြားရသည့် ဒီပလိုမာ သင်တန်းများ၌ ဒုတိယနှစ် ဒီပလိုမာသင်တန်း တက်ရောက်အောင်မြင် ပြီးဆုံးသူများ၊ သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကျောင်းသား၊ ကျောင်းသူများသည်
ကောလိပ်အဆင့်မှ တက္ကသိုလ် အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့သည့် သန်လျင်သမ၀ါယမ တက္ကသိုလ်နှင့် စစ်ကိုင်းသမ၀ါယမ တက္ကသိုလ် တတိယနှစ် သင်တန်းသို့ ဆက်လက်ပေါင်းကူး တက်ရောက်နိုင်ကြောင်း သိရသည်။

အဆိုပါ သမ၀ါယမ ၀န်ကြီးဌာန လက်အောက်ရှိ သမ၀ါယမ ကောလိပ် (မန္တလေး)၊ သမ၀ါယမကောလိပ် (ဖောင်ကြီး) နှင့် ယွန်းပညာကောလိပ် (ပုဂံ)တို့တွင် သက်ဆိုင်ရာ ဒီပလိုမာ နှစ်နှစ်သင်တန်း အောင်မြင်ပြီးဆုံး
သည့် ကျောင်းသား၊ ကျောင်းသူများသည် သန်လျင်နှင့် စစ်ကိုင်းသမ၀ါယမ တက္ကသိုလ်များ၌ ဆက်လက်ပေါင်းကူး တက်ရောက်နိုင်မည်ဖြစ်ပြီး သင်တန်းကာလ လေးနှစ်အောင်မြင် ပြီးဆုံးပါက B.BSc (Bachelor of Bu-siness Science) ဘွဲ့အား အပ်နှင်းသွားမည် ဖြစ်သည်။ ထို့ပြင် သမ၀ါယမ ကောလိပ်၌ ဒီပလိုမာ ရရှိသူများသည် အဝေးသင် တက္ကသိုလ် (စီးပွားရေး အထူးပြု) ဒုတိယနှစ်ဝိဇ္ဇာ သင်တန်းများသို့ ဆက်လက်ပညာ ဆည်းပူးခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

ယွန်းအတတ်ပညာ ဒီပလိုမာ သင်တန်းများတွင် သင်တန်းကာလအတွင်း ယွန်းပညာဆိုင်ရာ အဓိက ဘာသာရပ်များ၊ အထောက်အကူ ဘာသာများ
အဖြစ် စီးပွားရေး တက္ကသိုလ်၊ ပထမနှစ် ဘာသာရပ်များကို လည်းကောင်း၊ သမ၀ါယမ တက္ကသိုလ်များ၏ ပထမနှစ်နှင့် ဒုတိယနှစ် ဘာသာရပ်များအား သင်တန်းကာလ နှစ်နှစ်အတွင်း သင်ကြားပေးသွားမည် ဖြစ်သည်။

''ဖောင်ကြီးနဲ့ မန္တလေး သမ၀ါယမကောလိပ်၊ ယွန်းပညာ ကောလိပ်တွေက ဒီပလိုမာတန်း အောင်မြင်ပြီးဆုံးတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ သမ၀ါယမ တက္ကသိုလ်တွေမှာ တတိယနှစ် ဆက်လက် တက်ရောက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ သမ၀ါယမ တက္ကသိုလ်တွေက ပေးတဲ့ဘွဲ့ကို အပ်နှင်းမှာ ဖြစ်ပါတယ်'' ဟု သမ၀ါယမ တက္ကသိုလ် (သန်လျင်) မှ ကျောင်းအုပ်ကြီး ဦးသိန်းထွန်းက ဆိုသည်။

၎င်းသမ၀ါယမ ၀န်ကြီးဌာန လက်အောက်ရှိ သမ၀ါယမ တက္ကသိုလ်များတွင် သိပ္ပံတွဲ၌ ရမှတ် ၃၄၀၊ ၀ိဇ္ဇာ၊ ၀ိပ္ပံတွဲများအား ရမှတ် ၃၀၀ ကျော်ဖြင့် သမ၀ါယမ တက္ကသိုလ်များတွင် ပထမနှစ် သင်တန်းအတွက် ၀င်ခွင့်ခေါ်ယူ
ခဲ့ပြီး သမ၀ါယမ ကောလိပ်များတွင် ၎င်းရမှတ်ထက်လျော့၍ လက်ခံ
ခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...