Tuesday, September 3, 2013

စိတ်အားဖြည့်ဆေး



၁) ဒေါသနဲ့ ဝေးဝေးနေပါ.. သင့်ရဲ့ဒေါသက သင့်ကိုပဲ နာကျင်စေပါလိမ့်မယ်...

၂) သင်မှန်နေတယ်ဆိုရင် ဘာလို့စိတ်ဆိုးနေစရာလိုမလဲ...
အကယ်လို့ သင်မှားနေတယ်ဆိုရင်တော့ သင့်မှာ ဘာစိတ်ဆိုးပိုင်ခွင့်မှ မရှိဘူး...

၃) မိသားစုဝင်တွေကို သည်းခံခြင်းဟာ ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းတယ်...
တခြားသူတွေကို သည်းခံခြင်းဟာ လေးစားမှုကို ဖော်ညွှန်းတယ်...
ကိုယ့်ကိုယ်ကို သည်းခံခြင်းဟာ ပိုင်နိုင်စိတ်ချမှု... မိမိကိုယ်ကို ယုံကြည်မှု တို့ကိုဖော်ညွှန်းတယ်...
ကံကြမ္မာအပေါ် သည်းခံခြင်းဟာ ယုံကြည်သက်ဝင်မှုကို ဖော်ညွှန်းတယ်...

၎) အတိတ်အကြောင်းကို သိပ်မတွေးပါနဲ့... မျက်ရည်တွေပဲ ကျလာမယ်...
အနာဂတ်အကြောင်းကို သိပ်မတွေးပါနဲ့... စိုးရိမ်ကြောက်ရွံ့မှုတွေပဲ ရလာမယ်...
ပစ္စုပ္ပန်တည့်တည်မှာ အပြုံးလေးနဲ့ နေထိုင်ပါ... ကောင်းချီးသြဘာတွေ ဆိုက်ရောက်လာပါလိမ့်မယ်...

၅) ဘဝရဲ့ စမ်းသပ်ချက်တိုင်းက ကျွန်တော်တို့ကို ပိုကောင်းစေသလို ပိုပြီးခါးသီးသွားစေနိုင်ပါတယ်...
ကြုံတွေ့ရတဲ့ ပြဿနာတိုင်းဟာ ကျွန်တော်တို့ကို တည်ဆောက်နိုင်စေသလို ချိုးဖျက်နိုင်စေပါတယ်...
သားကောင်ဖြစ်မလား... မုဆိုးဖြစ်မလားဆိုတာကတော့ သင့်ရွေးချယ်မှုအပေါ်မှာပဲ မူတည်နေပါတယ်...

၆) လှပတဲ့အရာတိုင်းဟာ အမြဲတမ်းမကောင်းမွန်နိုင်ဘူး...
ဒါပေမဲ့ ကောင်းမွန်တဲ့အရာတိုင်းကတော့ အမြဲတမ်းလှပနေတယ်...

၇) လက်ချောင်းတွေကြားထဲမှာ ဘာလို့ ဟ နေတာလဲသိလား...
အဲ့ဒီ ဟနေတဲ့ နေရာလေးတွေဟာ သင့်အတွက် အရေးပါဆုံးသူက သင့်လက်ကို ထာဝရဆွဲကိုင်ပြီး ဖြည့်ဆည်းပေးမယ့် နေရာလေးတွေဖြစ်ပါတယ်...

၈) ပျော်ရွှင်မှုဟာ သင့်ကို ချစ်စဖွယ်ဖြစ်စေတယ်...
ဒါကြောင့် အမြဲပျော်ရွှင်နေရအောင် တတ်နိုင်သမျှ ကြိုးစားသင့်တယ်...

၉) အရာအားလုံးမှာ သက်ဆိုင်ရာတွဲဖက်တွေရှိကြတယ်...
တစ်နေရာရာမှာ တစ်စုံတစ်ယောက်က သင့်အတွက် ရှိနေလိမ့်မယ်...
ဒါကြောင့် လူမှန်.. နေရာမှန်ဖြစ်မယ့်အချိန်ကို စောင့်နေလိုက်ပါ...
----------------------------------------------------------------
Ref: I Can't Believe It
နှိုင်းရင့်နွေ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...