Tuesday, September 3, 2013

ရဲတွေလည်း ဥပဒေအတိုင်း နေထိုင်ရပါလိမ့်မယ်



ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ထဲက ရဲစခန်းတခုရှေ့နားက မြင်ကွင်းပါ။ ပုံထဲမှာ တွေ့ရတဲ့အတိုင်း ရဲသုံးတဲ့ ဆိုင်ကယ် အများစုက နံပါတ် တပ်မထားပါ။

တပ်ထားတဲ့ နံပါတ်တွေကလည်း တရားဝင်နံပါတ် ဟုတ်မဟုတ် မသေချာပါဘူး။ ရဲ ဆိုတာ တရားဥပဒေ စိုးမိုးရေး အတွက် ဆောင်ရွက်နေကြတဲ့ အရာရှိများ ဖြစ်ပါတယ်။

ဆိုင်ကယ်ကို နံပါတ်မပါဘဲ လိုင်စင်မရှိဘဲ မောင်းနေတာကတော့ ...
၁။ ဥပဒေချိုးဖောက်ရာလည်း ရောက်ပါတယ်။၂။ ကိုယ့်အလုပ် ကိုယ့်တာဝန်ကို ကိုယ်တိုင် မလေးစားရာ ရောက်ပါတယ်။

ဆိုင်ကယ်စီးခွင့်ပိတ်ပင်ထားတဲ့ ရန်ကုန်မှာ ပြည်သူတွေအားထားရတဲ့ရဲတွေ ကိုတော့ ချွင်းချက်အနေနဲ့ ဆိုင်ကယ်စီးခွင့်ပြုပါတယ်။ သို့သော်လည်း သူတို့ ဆိုင်ကယ်စီးရင် တခြားသူတွေလိုပဲ ယာဉ်စည်းကမ်းများ လိုက်နာရ ပါလိမ့်မယ်။

အထက်ပါပုံက ဗိုလ်တထောင်မြို့နယ်ထဲကပါ။ ရန်ကုန်က တခြားမြို့ နယ်တွေမှာလည်း နံပါတ်မဲ့ဆိုင်ကယ် စီးနေတဲ့ တရားဥပဒေစိုးမိုးရေး အရာရှိတွေကို တွေ့နိုင်ပါတယ်။

ကိုယ်စီးတဲ့ဆိုင်ကယ် နံပါတ်ရဖို့ လိုင်စင်ရဖို့အတွက် စာရွက်စာတမ်းကိစ္စတွေ ကိုတော့ သေချာပေါက် လုပ်ရပါလိမ့်မယ်။အများရဲ့ လေးစားမှုကို ရရှိဖို့၊ ဘောင်ဝင်ဖို့အတွက် ဆိုရင် သေချာပေါက် လုပ်ရမှာပါ။

ဆိုင်ကယ်ကို လိုင်စင်နံပါတ်အစစ် တပ်ပြီး စီးတဲ့နည်းနဲ့ ကူညီပါ လို့ တရားဥပဒေစိုးမိုးရေး ဝန်ထမ်းကြီးများ ကို ပြောချင်ပါတယ်။


ဧရာဝတီblog

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...