Tuesday, September 3, 2013

မုံရွာမြို့ ဗိုလ်ချုပ်လမ်းမကြီးပေါ်က ရေဆိုးထုတ်ပြွန်ကြီး ငါးလကျော်ကြာ ပျက်စီးနေသော်လည်း ယနေ့အထိ ပြုပြင်မည့်သူ မရှိ

မုံရွာမြို့ ဗိုလ်ချုပ်လမ်းမကြီးပေါ်က ရေဆိုးထုတ်ပြွန်ကြီး ငါးလကျော်ကြာ ပျက်စီးနေသော်လည်း ယနေ့အထိ ပြုပြင်မည့်သူ မရှိ

မုံရွာ  စက်တင်ဘာ  ၁
စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ရှိ ဗိုလ်ချုပ် လမ်းမကြီးနှင့် ပွဲစားတန်း လမ်းဆုံ အနီးတွင် လွန်ခဲ့သော ငါးလကျော်ခန့်မှ စတင်၍ ရေဆိုးထုတ်ပြွန်ကြီး ပျက်စီးနေသည့် အတွက်ထိုလမ်းမကြီးပေါ်တွင် ရေဆိုးများ စီးဆင်းလျက်ရှိရာ ဖြတ်သန်းသွားလာသူများ အနေဖြင့် အဆင်မပြေမှု များ ဖြစ်ပေါ်နေကြောင်း ဒေသခံ ပြည်သူ တစ်ဦးက ပြောကြားခဲ့သည်။ 
       ''ရွှေမောင်း လက်ဖက်ခြောက်ဆိုင် ရှေ့က ရေဆိုးပြွန်ကြီး ပျက်စီးနေတာပါ။ ရေဆိုးတွေ လျှံထွက်နေပြီး လမ်းမကြီးပေါ်ကို စီးဆင်းနေတာကြောင့် လမ်းသွား၊ လမ်းလာတွေ အခက်တွေ့ နေရပါတယ်။ အခုထိတော့ ပြုပြင်မယ့်သူ မရှိသေးပါဘူး'' ဟု ဘုရားကြီးရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောကြားခဲ့သည်။
      ထိုလမ်းမကြီးသည် မြို့၏ ဂုဏ်ကျက်သရေဆောင် လမ်းမကြီးဖြစ်ရာ နိုင်ငံခြားသား ဧည့်သည်များလည်း ဝင်ထွက် သွားလာလျက် ရှိသည်။ အဆိုပါ လမ်းပေါ်ရှိ မြေအောက် ရေဆိုးပြွန်ကြီး ပျက်စီးနေသဖြင့် လမ်းမကြီးပေါ်၌ ချိုင့်ခွက်ကြီး ဖြစ်နေကြောင်း သိရသည်။
        ၎င်း ချိုင့်ခွက်ကြီးသည် လမ်းသွား၊ လမ်းလာများ အဖို့ အလွန် အန္တရာယ်ကြီးမားလွန်းသည့် အတွက် လမ်းသွား၊ လမ်းလာများ သတိပြုမိ နိုင်စေရန် ဝါးလုံးတိုင်စိုက်၍ သင်္ကေတတစ်ခုကို ဒေသခံ ပြည်သူများက ပြုလုပ် ပေးထားကြောင်း သိရသည်။

မြဝတီ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...